ပျောက်ဆုံးနေတဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေ ယူရို ၈၆ သန်းကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းပေး ဖို့ တောင်းဆိုထားတဲ့ အသင်းရဲ့အမှုဆောင်တွေကရော၊ ဒီကိစ္စမှာသက်ဆိုင်ခဲ့တဲ့ သတ္တုတွင်းဝန်ကြီးဟောင်း ဘက်ကပါ မနက်ဖြန် ကြာသပေးနေ့မှာ စင်ပြိုင် သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက် တာမြင့်အောင် က နေပြည်တော် ကျောက်မျက်ရတနာ သင်တန်းကျောင်းမှာ မနက်ဖြန် မနက် ၉ နာရီခွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ့်အကြောင်း ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း က ပြောပါတယ်။
"သတ္တုတွင်းဝန်ကြီးဌာနရဲ့ ယခင်ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် ကနေပြီးတော့ သူတာဝန်ယူစဉ်ကာလ အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ ၁ ရာခိုင်နှုန်း ပြပွဲဗဟိုကော်မတီရန်ပုံငွေ သုံးစွဲတဲ့စာရင်းကို သူတာဝန်ယူပြီးတော့ ရှင်းလင်းတင်ပြမယ့်သဘောပါ၊ သူသတ္တုတွင်းဝန်ကြီး ထမ်းဆောင်တဲ့ ငါးနှစ်ကာလအတွင်းပေ့ါဗျာ"
ပျောက်ဆုံးနေတဲ့ ရန်ပုံငွေစာရင်း ရှင်းတမ်းထုတ်ပေးဖို့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များစုံစမ်း စစ်ဆေးရေးကော် မရှင်ကို တိုင်ကြားထားတဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ အမှုဆောင်တွေကလည်း ရန်ကုန်မြို့ တော်ဝင်နှင်း ဆီ စားသောက်ဆိုင်မှာ မနက်ဖြန် နေ့လည် ၂ နာရီကနေ ၄ နာရီထိ သတင်းစာရှင်းလင်း ပွဲပြုလုပ်ဖို့ စီစဉ်ထားကြောင်း အသင်းရဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦး က ပြောပါတယ်။