China Exim ဘဏ်က ချေးယူထားတဲ့ ဒေါ်လာ သန်း ၁၀၀
2016.06.01
အရင်အစိုးရလက်ထက်က သမဝါယမဝန်ကြီးဌာနက China Exim Bank ကနေ ဒေါ်လာသန်း ၁၀၀ ချေးပြီး တောင်သူတွေထံ စိုက်ပျိုးစရိတ်ချေးငွေတွေချထားပေးခဲ့ပါတယ်။ လက်ရှိမှာတောင်သူတွေက ချေးငွေပြန်ဆပ် ဖို့အတွက် ထပ်ဆင့်ချေးယူရတဲ့ ပြဿနာတွေရှိနေပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ နမ္မတူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က ရှမ်းပြည်နယ်က တောင်သူတွေဟာ စိုက်ပျိုးစရိတ်ချေးငွေကို ၆ လတစ်ကြိမ် ပေးသွင်းဖို့ အခက်အခဲရှိနေကြောင်း၊ တစ်နှစ်တစ်ကြိမ် ပေးသွင်းနိုင်အောင် စီစဉ်ပေးဖို့ အစီအစဉ် ရှိမရှိကို တင်ပြခဲ့ပါတယ်။
RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။