သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-03
ရိုဟင်ဂျာတွေအပေါ် ဆက်လက်ပြီးလူမျိုးတုံးသတ်ဖြတ်မှု ပိုဆိုးလာတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-04-02
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာရွာက ဘုန်းတော်ကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး အပါအဝင် ငါးဦး သေဆုံးပြီး နောက်ထပ် ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-02
ကချင်ပြည်နယ် မိုးမောက်မြို့အဝင်မှာရှိတဲ့ ကျောက်စခန်းစုပေါင်းစစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတို့ကို ဧပြီလ ၂ ရက်နေ့ ညပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ KIA က ပြောပါတယ်။
2024-04-02
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပထမဦးဆုံးဖွင့်လှစ်မယ့် စစ်သင်တန်းကို အခု ဧပြီလအတွင်းဖွင့်လှစ်ဖို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတွင်း ဖွင့်လှစ်နိုင်ရေး အင်တိုက်အားတိုက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။
2024-04-02
မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၅၅) တပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ် နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဆယ် သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဧပြီလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-04-02
စစ်ကောင်စီဟာ လိုအပ်နေတဲ့ လူအရင်းအမြစ်နေရာမှာ ရိုဟင်ဂျာတွေကို အစားထိုးပြီး စစ်တိုက်ခိုင်းနေတာ ဖြစ်တယ်လို့ NUG ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။
2024-04-02
သူတို့ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်ရတာ ခက်ခဲတာကြောင့် မဲဆောက်မြို့ကို ပြောင်းရွှေ့နေထိုင်နေကြတာ နှစ် ၂ဝ နီးပါးရှိနေပါပြီ။
2024-04-02
အမ်းမြို့အနီးကျေးရွာတွေမှာ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေလို့ စစ်ဘေးဒုက္ခသည်စခန်းဖွင့်ခွင့်မရဘူးလို့ ဆိုပါတယ်။
2024-04-02
ကိုဝေယံထက်ဟာ တိုက်ပေါ်က ခုန်ချချိန်မှာ ခြေထောက်အောက်ပိုင်းထိခိုက်ခဲ့ပြီး ကိုမင်းသစ္စာမောင်ဟာလည်း ခြေထောက်နဲ့ ခါးတစ်ဝိုက်က ဒဏ်ရာတွေ မသက်သာသေးဘူးလို့ ဆိုပါတယ်။
2024-04-02
လူပေါင်း ၂၅ဝ ကို မေးမြန်းကာ လူထုစစ်တမ်းကောက်ခဲ့တာဖြစ်ပြီး၊ ဖြေဆိုသူ ၅၄ ရာခိုင်နှုန်းက တရုတ်ဟာ အိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ ရှုမြင်ကြတာပါ။
2024-04-02
မတ်လအတွင်း တိုက်ပွဲတွေကြောင့် ဖာပွန်ဒေသမှာ အရပ်သား တစ်ထောင့်ခြောက်ရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
2024-04-02
MOGE လုပ်ငန်းကို ၂ဝ၂၂ ခုနှစ်မှာ အီးယူက ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ သုံးနိုင်ငံပေါင်းကတော့ ၂ဝ၂၃ ခုနှစ်မှာ ဒဏ်ခတ်ထားတာပါ။
2024-04-02
မူဆယ်မြို့က ငွေလိမ်လုပ်ငန်းတွေကို မြန်မာ-တရုတ်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသားတွေအပါ ၈၃၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-04-02
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မြန်မာနယ်စပ်အနီးမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်တယ်လို့ ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းက ဒီနေ့ ဖော်ပြပါတယ်။
2024-04-02
ထိုင်းနိုင်ငံ အနောက်ပိုင်းခရိုင်ထဲကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးလိုက်ပါလာတဲ့ ယာဉ်တစ်စီး တိမ်းမှောက်ပြီး အဲဒီထဲက ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။