သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-02
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ဒီကနေ့ ဇွန်လ ၂ ရက်နေ့ ညနေမှာရောက်ရှိလာ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့ တို့ဟာ ညနေ ၅ နာရီခွဲက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2016-06-02
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့ က မြစ်ကမ်းပါး မြေထိန်းနံရံတွေ ကိုကျော်ပြီး လူနေအိမ်တွေနဲ့ ဆိုင်ခန်း အဆောက်အဦးတွေ ဆောက်လုပ်နေတာကို ကြပ်မတ် စစ်ဆေးပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-06-02
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွ့ံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ၆ ဦးဟာ ဒေသဖံ့ွဖြိုးရေးအတွက် အစိုးရရဲ့ ရက် ၁၀၀ အ တွင်း ဆောင်ရွက်သွားမယ့်ကိစ္စတွေကို ကျောက်ဖြူမြို့ မှာ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။
2016-06-02
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂါကျေးရွာကနေ မြစ်ကိုဖြတ်ပြီး ပိုးရှီပြင်ကျေးရွာကို ကျောင်းသွားတက် တဲ့ လှေတစ်စီး မနေ့က နစ်မြုပ်ခဲ့ရာမှာ ကျောင်းသူ၊ ကျောင်း သား ၇ ဦး သေဆုံးခဲ့ပါတယ်။
2016-06-02
မွန်ပြည်နယ် မော်လမြိုင် အကျဉ်းထောင် ထောင်မှူးနဲ့ ဒုတိယထောင် မှူးဟာ မူးယစ်ဆေးဝါးတွေ ရောင်းချနေ တယ်ဆိုတဲ့ သတင်းတွေ ထွက်တာကြောင့် နေပြည်တော် ဗဟို အကျဉ်းဦးစီးက ခေတ္တခေါ်ယူ စစ်ဆေးနေကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနက သိရပါတယ်။
2016-06-02
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိတဲ့အတွက် အမေရိကန်သံရုံးက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းတာကို ကန့်ကွက်ကြောင်း မွန်ပြည်နယ် အမျိုးသားရေးကွန်ရက် က မော်လမြိုင်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-06-02
ရန်ကုန်မြို့တော် စည်ပင်သာယာဌာနကို လာဘ်ပေးလာဘ်ယူကင်းပြီး လူထုယုံကြည်တဲ့ဌာနတစ်ခုဖြစ်အောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားမယ်လို့ စည်ပင်သာယာကော်မတီအဖွဲ့ဝင်အဖြစ် အစိုးရကခန့်အပ်လိုက်တဲ့ နာရေးကူညီမှုအသင်း-ဒုဥက္ကဌ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။
2016-06-02
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သမ္မတ ဦးထင်ကျော် အစိုးရဖွဲ့စည်းခဲ့တဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော် မတီ (၂)” အဖွဲ့ဟာ ဒီကနေ့မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ်ကို ရောက်ရှိသွားခဲ့ပါတယ်။
2016-06-02
ကျောက်မျက်လုပ်ငန်းရှင်တွေထံက ကောက်ယူ ထားတဲ့ ယူရိုငွေ ၉၃ သန်းကို အလွဲသုံးစားလုပ် ထားတာကို ဥပဒေအရ စစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးဖို့ ကျောက်မျက်လုပ်ငန်းရှင် ၈၇ ဦး က တောင်းဆိုလိုက်ပါတယ်။
2016-06-02
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ ကျောက်တူးဖော်ရေး လုပ်ငန်းတွေကို စိစစ်ကြပ်မတ်ဖို့အတွက် လုံးခင်း-ဖားကန့် ရတနာမြေ ကျောက်စိမ်းတူးဖော်မှုကြီး ကြပ်ရေးအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းလိုက် ပါတယ်။
2016-06-02
နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားရပ်တွေကို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပေးဖို့ အစီအစဉ် မရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော် မှာ တင်ပြခဲ့ပါတယ်။
2016-06-02
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရဲ့ ရန်ပုံငွေ ယူရို သန်း ၈၀ ကျော်ပျောက်ဆုံးမှုကို အစိုးရထံ မတိုင်ဘဲ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီကနေ ထုတ်ပယ်ခံထားရသူအများစုပါဝင်တဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ကို တိုင်ကြားတာဟာ အသင်းကိစ္စထက် ပိုလေးနက်တဲ့ နိုင်ငံရေးအကြောင်းခံတွေ ရှိနိုင်မလားလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က မေးခွန်းထုတ်လိုက်ပါတယ်။
2016-06-02
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်က လီဆူတိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ အခက်အခဲကြောင့် ဆွမ်ပရာဘွမ်မြို့ ကနေ မြစ်ကြီးနားမြို့ကို ရောက်ရှိနေကြပါတယ်။
2016-06-01
မကွေးတိုင်းအနောက်ပိုင်း ဂန့်ဂေါမြို့နယ်မှာ ကုမ္ပဏီတွေ သစ်အလွန်အကျွံ ခုတ်ယူနေတာတွေ၊ သစ်ခိုးထုတ်တာတွေကို ထိန်းသိမ်းဆောင်ရွက်ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-06-01
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် အသုံးပြုသွားမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက စစ်တွေမြို့ က ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။