ရခိုင်ဖွံ့ဖြိုးရေး ဝန်ကြီးတွေ ကျောက်ဖြူမှာ ရှင်းလင်း
2016.06.02

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွ့ံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင် စုဝန်ကြီး ၆ ဦးဟာ ဒေသဖံ့ွဖြိုးရေးအတွက် အစိုးရရဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမယ့်ကိစ္စတွေကို ကျောက်ဖြူ မြို့မှာ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ဝန်ကြီးတွေက ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည် က ပြောပါတယ်။
"ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဒီအဖွဲ့ကနေပြီးတော့ ဦးစီးဦးဆောင်လုပ်မယ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်ကြပါဆိုတာ တစ်ချက်ပြောတာရှိတယ်"
ဒါ့အပြင် ကျောက်ဖြူမြို့နယ်မှာ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့ ပြည်ထောင်စု ဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ကျောက်ဖြူခရီးစဉ်မှာ ရခိုင်နဲ့ မွတ်စလင် ဒုက္ခသည် စခန်းတွေဆီကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွ့ံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ပြီးခဲ့တဲ့ မေလ ၃၀ရက်နေ့က ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။
အဲ့ဒီကော်မတီထဲက ပြည်ထောင်စုဝန်ကြီးတွေဟာ မနေ့ကစပြီး စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ စတဲ့မြို့နယ်တွေ မှာ ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံနေတာဖြစ်ပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည် ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။