သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-06
စစ်ဆင်ရေး ၁၂ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတွေမှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
2024-07-06
ရေဦးမြို့နယ် လေးရွာထဲကို ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-06
လွယ်ဖီး၊ ပင်စုံ၊ လဲလောင်း၊ နန်းတုတ်နဲ့ ကုန်းသာအပါအဝင် ရွာပေါင်းသုံးဆယ်ခန့်က စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့အထိ ရွာမပြန်ရဲကြသေးဘဲ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာပဲ နေထိုင်နေကြရပါတယ်။
2024-07-06
မြိုင်မြို့နယ် အိုရင်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-06
လားရှိုးမြို့နယ် နမ့်ပေါင်ရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၉၁) ကို ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းအဖွဲ့က သိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-06
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း ဝမ်းရောဂါနဲ့ သေဆုံးသူငါးဦးအထိ ရှိနေပြီလို့ သာကေတမြို့ခံတွေက ပြောပါတယ်။
2024-07-06
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံသုံးသောင်းကျော် ရေဘေးဒုက္ခကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-05
သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံး လွတ်မြောက်ရေး စစ်ကောင်စီကို ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို RSF က တောင်းဆိုလိုက်ပါတယ်။
2024-07-05
မြဝတီကို လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲတွေက ဇူလိုင် ၅ ရက်နေ့က နယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။
2024-07-05
ဖမ်းဆီးအရေးယူတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်က စျေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ပါ့မလား၊ ဒီလိုဖမ်းဆီမှုတွေကြောင့် အကျိုးသက်ရောက်မှုဘာတွေဖြစ်လာနိုင်မလဲ၊ ဒီအကြောင်းတွေကို ဆွေးနွေးထားပါတယ်။
2024-07-05
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက ဘဏ်တွေကိုဖောက်ထွင်းပြီး ငွေသားနဲ့ ကျောက်မျက်ရတနာ စုစုပေါင်း တန်ဖိုး ကျပ်သိန်းနှစ်သောင်းဝန်းကျင် ယူဆောင်သွားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
2024-07-05
မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီး တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) က တိုက်တွန်းလိုက်ပါတယ်။
2024-07-05
စစ်ကောင်စီတပ်ဘက်ကလည်း ကြည်း၊ ရေ၊ လေ အင်အားတွေသုံးပြီး အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2024-07-05
မိုးကောင်းမြို့မှာ နန့်ကောင်းချောင်းနဲ့ နန့်ယင်းချောင်းရေ မြင့်တက်မှုကြောင့် တစ်မြို့လုံးနီးပါး ရေဝင်နစ်မြုပ်နေပါတယ်။
2024-07-05
မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI စာအုပ် ထုတ်ပေးတဲ့ စင်တာအားလုံးကို ပိတ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။