သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-03
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကို ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်အတွင်း လက်ရှိအခြအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုးက အောက်တိုဘာ ၂ ရက်နေ့ က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-03
မြန်မာနိုင်ငံအနှံ့မှာမဲစာရင်းတွေ အမှားမှားအယွင်း ယွင်းဖြစ်နေတာနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဒါဟာ စစ်ပညာအရ ပြိုင်ဘက်ကိုအလုပ်ရှုပ်အောင်လုပ် ထားပြီး ကိုယ့်အတွက် ပြင်ဆင်ချိန်ယူတဲ့ နည်းဆို တာရှိတယ်လို့ ထောက်ပြပါတယ်။
2015-10-03
နိုဝင်ဘာလ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မလိုလားတဲ့ပါတီကို ပုတ်ခတ်ပြောဆိုမှုတွေ၊ မဲမပေး ဖို့ လှုံ့ဆော်စာဖြန့်ဝေတာတွေ၊ ဆိုင်းဘုတ်ဖျက်ဆီး တာတွေ ရှိလာတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက် ပြီး Triangle အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ခင်တင့် ( မခင်လေး ) နဲ့ စာရေးဆရာ ဆူးငှက်တို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2015-10-03
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှား များနေပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးကြဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-10-03
လာမယ့်ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူဖို့ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်တာကြောင့် ပါတီကြီးနှစ်ခု ပြိုင်ဆိုင် မှုပြင်းထန်မှာဖြစ်တဲ့အတွက် လုံခြုံရေးကြပ်မတ်ဖို့လိုတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြော ပါတယ်။
2015-10-03
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်းတွေဟာ မက်လုံးပေး မဲဆွယ်တယ်ဆို ပြီး ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (က)နဲ့ လှည်းကူးမြို့မ ရဲစခန်းမှာ တရားစွဲလိုက်ပါတယ်။
2015-10-03
လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင် ရပြီးအစိုးရဖွဲ့နိုင်မယ်ဆိုရင် သူမကို သမ္မတဖြစ်ခွင့်ပိတ်ပင် ထားတဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။
2015-10-03
မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ တရားစွဲဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စု ဝန်ကြီးတချို့ကို ဆင့်ခေါ်ထားတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်မှာမဟုတ်သလို သွားရောက်ဖြေရှင်းမှာလည်း မဟုတ်ဘူးလို့ သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
2015-10-03
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးရေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ခြင်းမရှိတာ ဟာ စာချုပ်ပြီးပြည့်စုံမှုမရှိဘူးလို့ UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက သဘောထားကြေညာချက် တစ်စောင် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
2015-10-03
မန္တလေးမြို့တဝိုက် နဲ့ ဂေါဝိန်ဆိပ်ကမ်းတဝိုက်မှာ နေထိုင်ကြတဲ့ ကျူးကျော် လူဦးရေ ၂သိန်းနီးပါး လောက်ရှိပြီး သူတို့တွေဟာ ဆန္ဒမဲပေးချင်ပေမယ့် မဲဆန္ဒရှင် စာရင်းမှာ သူတို့နာမည်ပါ၊ မပါ မသိကြသလို ဘယ်လိုမဲပေးရမယ် ဆိုတာကို အခုချိန်ထိ မသိကြသေးသူတွေ ရှိနေပါတယ်။
2015-10-03
ကြံ့ခိုင်ရေးပါတီပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးဟာ ဧရာဝတီ တိုင်း ဟသာၤတမြို့နယ် ရှားခဲကျေးရွာမှာ အောက်တို ဘာလ ၂ရက်နေ့က စပြီး မဲဆွယ်စည်းရုံးနေ ပါတယ်။
2015-10-03
မကွေးတိုင်း စေတုတ္တရာမြို့နယ် ပတ်ဝန်းကျင်က ကျေးရွာတွေဟာ ဇူလိုင်လကုန်ပိုင်းက ရေဘေးသင့်ခဲ့ပြီး နေအိမ်တွေ သဲနှုံးတွေဖုံးလွှမ်းခံရပြီး စွန့်လွှတ်လိုက်ရတဲ့ အပြင် စိုက်ပျိုးမြေ တွေ ပါပျက်စီးကုန်တဲ့အတွက် အခက်အခဲ ဖြစ်နေကြရဆဲလို့ သိရပါတယ်။
2015-10-03
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဆရာတော်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-10-03
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာဟာ အခုလာမယ့် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မဲဆန္ဒနယ်အတော်များများမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2015-10-03
အင်ဒိုနီးရှားနိုင်ငံ မာလုကုပြည်နယ်၊ အာရု ကျွန်းက ငါးဖမ်းလုပ်ငန်းတွေမှာ လူမှောင်ခို ဂိုဏ်းတွေနဲ့ တံငါလုပ်ငန်းတွေနဲ့ပတ်သက် လို့ တရားစီရင်နိုင်ဖို့ အင်ဒိုနီးရှားအစိုးရ မျက်မြင်သက်သေနဲ့ ထိခိုက်နစ်နာသူများ ကာကွယ်ရေးအေဂျင်စီ LPSK က မြန် မာနိုင်ငံ ပြန်ရောက်လာပြီဖြစ်တဲ့ လူကုန်ကူးခံရသူတွေ ကို တွေ့ဆုံမေးမြန်းဖို့ ရှိတယ်လို့ သိရပါတယ်။