မဲစာရင်းအမှားမပြင်နိုင်သေး လို့ ရွေးကောက်ပွဲလွတ်လပ်မျှတမှု အပေါ် ယုံကြည်မှုကျဆင်း


2015.10.03

မြန်မာနိုင်ငံအနှံ့မှာမဲစာရင်းတွေ အမှားမှားအယွင်းယွင်းဖြစ်နေတာနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဒါဟာ စစ်ပညာအရ ပြိုင်ဘက်ကိုအလုပ်ရှုပ်အောင်လုပ်ထားပြီး ကိုယ့်အတွက် ပြင်ဆင်ချိန်ယူတဲ့ နည်းဆိုတာရှိတယ်လို့ ထောက်ပြပါတယ်။

စာရေးဆရာ ဆရာချစ်ဦးညိုကတော့ အစိုးရမှာ အကြံအစည် ၁-၂-၃-၄ စသဖြင့် ကြိုတင်ပြင်ဆင်မှုရှိတတ်တဲ့အတွက် မဲစာရင်းအမှားကို သံသယဖြစ်မိသလို၊ ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတမယ်ဆိုတာ မယုံကြည်ဘူးလို့ RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာ ကိုဇော်သက်ထွေးကလည်း မဲစာရင်းမှန်ဖို့ ကော်မရှင်မှာပဲတာဝန်ရှိတယ်လို့ ပြောဆိုလိုက်သလို၊ ကွန်ပျူတာ အိုင်တီနည်းပညာရှင် ဦးရဲမြတ်သူကလည်း စာရင်းဇယားအမှားဟာ ကွန်ပျူတာနဲ့ ဆော့ဖ်ဝဲတွေကြောင့်မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။