သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-28
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က မြန်မာနဲ့ နယ်စပ်မှာ မနေ့က အရေးပေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်း စတင်ခဲ့ပါတယ်။
2018-12-28
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးမှာ ဒီနေ့မနက်ကစလို့ ကလေးစာပေပွဲတော်ကို ကျင်းပနေပါတယ်။
2018-12-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး ကြေညာချက်နဲ့ ပတ်သက်ပြီး KIO ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ မနေ့က အစည်းအဝေး ကျင်းပခဲ့ပါတယ်။
2018-12-27
မန္တလေးတိုင်းမှာ ၆ လအတွင်း တက္ကသိုလ်ကျောင်းသား ၃ ယောက်အသတ်ခံလိုက်ရတဲ့အတွက် ကျောင်းပရဝုဏ်တွေမှာ လုံခြုံရေးကောင်းအောင်စီစဉ်ပေးဖို့ ကျောင်းသားတွေတောင်းဆိုနေကြ ပါတယ်။
2018-12-27
ကွယ်လွန်သွားပြီဖြစ်တဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း အထိမ်းအမှတ်အဖြစ် သမိုင်းဌာန ပြတိုက်ဖွင့်လှစ်တဲ့ အခမ်းအနားကို ဒီနေ့ မန္တလေးတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-12-27
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင်ကျေးရွာက မိဘမဲ့ကလေးတွေ၊ စစ်ဘေးဒုက္ခသည် ကလေးတွေကို ကူညီစောင့်ရှောက်နေတဲ့ ကမ္ဘောဇသိင်္ဂီ သီလရှင်စာသင်ကျောင်းအတွက် အစားအသောက်နဲ့ ပညာသင်စရိတ် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
2018-12-27
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ်ကျပ် ၅ သိန်းစီ ချမှတ်ခံရတဲ့ ၃ ဦးရဲ့အမှု အယူခံပြင်ဆင်ချက်ကို ပြည်နယ်တရား လွှတ်တော်က ဒီကနေ့ ပြန်လည် လက်ခံလိုက်တယ်လို့ သိရပါတယ်။
2018-12-27
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့ကနေ တရုတ်နိုင်ငံ ဝမ်တိန် ဘက်ကို အသီးအနှံနဲ့ ကျွဲနွားတွေ အဓိက တင်ပိုနေတဲ့ ကျင်စန်းကျော့ဂိတ်ကို လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်တာဝန်ရှိသူတချို့က ဒီမနက်မှာ ပိတ်လိုက်ပါတယ်။
2018-12-27
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့အနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်တာတွေ မရှိကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-27
တပ်မတော်က စစ်တိုင်း ၅ ခုမှာ စစ်ဆင်ရေးနဲ့ အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ဒီဇင်ဘာလ ၂၂ ရက်နေ့က စပြီး ဒီနေ့အထိ ရခိုင်ပြည်နယ်က ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ် ၅ ခုမှာ AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
2018-12-27
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပညာရေးကောလိပ်တွေမှာ ၂၀၁၅ ခုနှစ်က ခန့်အပ်ထားတဲ့ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမတွေကို လက်ထောက်ကထိက ရာထူးတိုးပေးရာမှာ စာမေးပွဲဖြေဆိုရမယ် ဆိုပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်လိုက်တာကြောင့် ဆရာ၊ ဆရာမတွေက ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကို ပြုလုပ်နေပါတယ်။
2018-12-26
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်သန်းမောင်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် မြေပုံမြို့က သူ့နေအိမ်မှာပဲ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရပါတယ်။
2018-12-26
ရိုဟင်ဂျာ မွတ်စလင်တွေကို တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြီးမောင်းထုတ်ခဲ့ပြီး ပြန်မလာနိုင်အောင် မြန်မာဘက်က ကြိုးစားနေတယ်လို့ ကမ္ဘာမှာ သြဇာကြီးမားတဲ့ ဝါရှင်တန်ပို့စ်သတင်းစာ အယ်ဒီတာအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထောက်ပြ စွပ်စွဲရေးသားလိုက်ပါတယ်။
2018-12-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ လွင့်လာတဲ့ အက်စစ်ငွေ့တွေ့နဲ့ ကျောက်မှုန့်တွေကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေက ကွမ်းခြံတွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2018-12-26
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ပြည်သူချင်း ပိုမိုဆက်စပ်နိုင်ရေးအတွက် အိန္ဒိယ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဇနီးမောင်နှံစုံတွဲ ၆၀ ရဲ့ မြန်မာပြည် နှစ်ရက်တာခရီးစဉ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က ပြီးဆုံးခဲ့ပါတယ်။