၁ဝ၅ မိုင်က သီလရှင်သင်ပညာရေးကျောင်း
2018.12.27
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင်ကျေးရွာက မိဘမဲ့ကလေးတွေ၊ စစ်ဘေးဒုက္ခသည် ကလေးတွေကို ကူညီစောင့်ရှောက်နေတဲ့ ကမ္ဘောဇသိင်္ဂီ သီလရှင်စာသင်ကျောင်းအတွက် အစားအသောက်နဲ့ ပညာသင်စရိတ် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
RFA သတင်းထောက် ကိုရဲထက် တင်ပြထားပါတယ်။
ြမန်မာဘက်ကနေ သစ်သီးဝလံ၊ ရေထွက်ကုန်တွေကို ကျင်ဆန်းကျော့ဂိတ်ကနေတဆင့် တရုတ်နိုင်ငံထဲကို တင်ပို့နေတာဖြစ်ပါတယ်။
အရင်နေ့တွေက ကုန်ကားတွေဟာ အဲဒီဂိတ်ကိုသွားဖို့ လမ်းမှာပိတ်နေကြတာဖြစ်ပြီး ဒီကနေ့ အဲဒီဂိတ်ကို တပ်မတော်ဘက်က ပိတ်လိုက်တာလို့ ကုန်သည်တွေက ပြောကြပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးဆီ ဆက် သွယ်မေးမြန်းရာမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ဆီ ဆက်သွယ်ပါလို့ ပြောလာတဲ့အတွက် RFA က ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ်နိုင်ငံအစိုးရဘက်က လုံခြုံရေးတိုးမြှင့်ချထားဖို့အတွက်ဆိုပြီး စာထုတ်ထားတာတော့ရှိတယ်လို့ သိရပါတယ်။
အခုလိုဂိတ်ပိတ်လိုက်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကားဝင်းထဲမှာ တရုတ်နိုင်ငံကို တင်ပို့ရောင်းချဖို့ စောင့်ဆိုင်းနေတဲ့ သစ်သီးဝလံကုန်ကားစီးရေ ၁၀၀၀ နီးပါးလောက်ရှိနေပြီး ကုန်သွယ်ရေးဇုန်အပြင်ဘက်က ကားလမ်းမပေါ်မှာလည်း ကုန်ကားအစီးရေ ၅၀၀ ကျော် လောက်ပိတ်မိနေကြတယ်လို့ ပြောပါတယ်။
အနယ်နယ်အရပ်ရပ်ကနေ ဖရဲသီး၊ သခွားမွေး စတဲ့ သစ်သီးတွေ တင်ဆောင်လာတဲ့ ကုန်ကားတွေဟာ အခုလို ရက်ကြာကြာပိတ်မိနေတဲ့အတွက် အသီးတွေပျက်စီးကုန်ပြီး ကုန်သည်တွေ အခက်တွေ့နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ကားတစ်စီးကို ကုန်ချိန် ၃ တန်လောက်အထိ ဆုံးရှုံးနေရပြီလို့ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ် က ပြောပါတယ်။
‘’လောလောဆယ်ကတော့ ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်နေပြီပေါ့ဗျာ၊ ပိတ်ထားလိုက်တဲ့အတွက် သွားစရာလမ်းလည်း မရှိတော့ဘူးလေ၊ ကြူကုတ်ပန်ဆိုင်းလည်း သွားလို့မရဘူး၊ အခုလောလောဆယ်ကိုပဲ ကားတစ်စီးကို ၃ တန်လောက် ဆုံးရှုံးမှုရှိနေပြီ၊ ကားအစီး ၄၀၀ ဆို တန်ချိန် ၁၂၀၀ လုံးဝ အနည်းဆုံးပယ် သီးဖြစ်သွားပြီ၊ အခုပိတ်မိနေတာက အစီး တစ်ထောင်ကျော်သွားပြီဗျ၊ ၁၀၅ မိုင်ဝင်းထဲမှာ အခုလောလောဆယ် အစီး ၇၀၀ ၈၀၀ လောက်ရှိနေပြီ၊ လမ်းပေါ်မှာ ကျင်ဆန်းကျော့နဲ့ ၁၀၅ မိုင်ကြားမှာဆို အစီး ၅၀၀ လောက်ရှိတယ် ၁၀၅ မိုင်နဲ့ မြန်မာပြည်အရပ်ရပ်က မပါသေးဘူး၊ အေးဗျာ ကိုယ့်မြန်မာဘက်က ပိတ်တာဆိုတော့လည်း ဒီအပေါက်ကလည်း မြန်မာပို့ကုန်သစ်သီး၊ ရေခဲငါး၊ ငါးရှဉ့်၊ ဂဏန်းတွေက ဒီအပေါက်ကသွားတာ၊ သွင်းကုန်မရှိဘူး ဒီအပေါက်က ပို့ကုန်ပဲရှိတာ၊ ကျနော်တို့ ကိုယ့်မြန်မာနိုင်ငံပဲနာတော့ဗျာ’’
တရုတ်နိုင်ငံဘက်က ကုန်ကားတွေကို စိစစ်ရမယ့်ဝန်ထမ်းဦးရေ မလုံလောက်တဲ့အတွက် မနိုင်မနင်းဖြစ်နေရတယ်လို့လည်း ကုန်သည်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
မူဆယ်ကို တစ်ရက်ကုန်ကားစီးရေ ၄၀၀ ကျော်လောက်ထိ နေ့စဉ်ဝင်နေပေမယ့်လည်း တရုတ်ဘက် ကျင်ဆန်းကျော့ဂိတ်က ကုန်ကားစီးရေ ၃၀၀ လောက်သာ လက်ခံတယ်လို့ဆိုတဲ့အတွက် စောင့်နေရတဲ့ ကုန်ကားစီးရေက မူဆယ်ဘက်မှာ ထောင်နဲ့ချီဖြစ်နေရလို့ မမျှတတဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဖရဲသီးတစ်တန်ကို တရုတ်ဖက်က ယွမ်ငွေ ၁၇၀၀ နဲ့ ၁၈၀၀ ကြား ဈေးပေါက်နေပေမယ့်လည်း အသီး အနာအဆာပါရင်လည်း သူတို့ဘက်က ပယ်သီးတွေအဖြစ် လက်မခံကြလို့ နစ်နာတာတွေရှိတ်လို့ သစ်သီးကုန်သည်တစ်ဦးဖြစ်တဲ့ ဦးမြင့်စိုးက ပြောပါတယ်။
‘’ဖရဲသီးတစ်တန် မနေ့ကပြောတာတော့ ၁၇၀၀၊ ၁၈၀၀ အဲဒီပတ်ဝန်းကျင်ပါပဲ၊ တစ်တန်ကို ယွမ် ၊ မြန်မာငွေနဲ့ဆို ၃ သိန်းကျော် ၄ သိန်းပတ်ဝန်းကျင်လောက်ပေါ့ ၊ သွားရေးလာရေးအဆင်ပြေချောမွေ့ စေဖို့ ဟိုဖက်ဒီဖက် အာမခံချက်လေးရှိအောင်လို့ ၊ ဖြစ်နိုင်ရင်တော့ ကိုယ့်ဝင်းထဲမှာပဲ ကိုယ်ချိန်းရင် ပို ကောင်းတာပေါ့ဗျာ၊ ကိုယ့်နိုင်ငံမှာပဲချိန်းလိုက် သူတို့ဖာသာ ဘယ်လိုပဲသယ်သယ်ပေါ့ဗျာ၊ အခုက ကျနော်တို့က ဖရဲသမားတွေက ရောင်းသာရောင်းလိုက်တယ် ကားမချိန်းမချင်းက စိတ်မချမ်းသာသေးဘူး၊ ဖရဲသီးဘယ်လိုဖြစ်မယ် ပိုက်ဆံဘယ်လိုအဖြတ်ခံရမယ် အဲဒါပဲစဉ်းစားနေရတာ၊ သူတို့ဘက်က ချိန်းပြီးပြီဆိုမှ အော် ငါက ဒီလောက်ပဲရတာလားဆိုပြီးတော့ ဖြစ်ကုန်တာလေ’’
ကုန်သည်တွေကတော့ မူဆယ်ဘက်မှာတင်ပဲ အသီးတွေကို ချိန်းပြီးလုပ်မယ်ဆိုရင် အဆင်ပြေမယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ခုလိုမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ သစ်သီးဝလံကုန်ကားကြီးတွေ ပိတ်မိနေရတဲ့အကြောင်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူးခင်ဗျာ။