ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) တရားရုံးချိန်း
2019.05.23
တပ်မတော်သားအားလုံးကို သူခိုး၊ ဓားပြ၊ သူပုန်တွေ ဆိုပြီး ရေးသားချက်နဲ့ပတ်သက်လို့ ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အရေးယူပေးဖို့ အမရပူရမြို့နယ်တရားရုံးထံ လျှောက်ထားတာလို့ တရားလိုဖြစ်သူက ဒီနေ့ ပြောလိုက်ပါတယ်။
RFA သတင်းထောက် မခေမဏီဝင်း က တင်ပြထားပါတယ်။