မြန်မာနဲ့ နယ်စပ်မှာ တရုတ်စစ်တပ် မိုင်းရှင်း
2018.12.28
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က မြန်မာနဲ့ နယ်စပ်မှာ မနေ့က အရေးပေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်း စတင်ခဲ့ပါတယ်။
ယူနန်ပြည်နယ် မန်ရှီးမြို့မှာ စတင် ဆောင်ရွက်ခဲ့တာပါ။
အဲဒီဒေသဟာ မြင့်မားတဲ့တောင်တန်းတွေ၊ ချောက်ကမ္ဘားတွေ၊ နက်ရှိုင်းတဲ့တောင်ကြားတွေ၊ ထူထပ်တဲ့ တောအုပ်တွေရှိတဲ့ နေရာဒေသဖြစ်ပါတယ်။
အဲဒီခက်ခဲတဲ့လုပ်ငန်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် မိုင်းရှင်းလင်းရေးအဖွဲ့ကို အထူးသင်တန်းဆင်းတွေ၊ အတွေ့အကြုံကြွယ်ဝသူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။
ယူနန်ပြည်နယ်က တရုတ် ဗီယက်နမ် နယ်စပ်အပိုင်းမှာတော့ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းကို တရုတ်စစ်တပ် စစ်သည်အရာရှိ စုစုပေါင်း အင်အား သုံးရာနဲ့ မကြာခင်ကပဲ ရှင်းလင်းပြီးစီးခဲ့တယ်လို့ သိရပါတယ်။