သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-29
ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင် ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံး က မြန်မာအလုပ်သမား ၂ ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ် အမိန့်ချ လိုက်တဲ့အတွက် ရန်ကုန် မန္တလေး တောင် ကြီး နဲ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆုတောင်းပွဲတွေ ပြုလုပ် ခဲ့ကြပါတယ်။
2015-12-29
ရန်ကုန်မြို့ ၃၅လမ်းက River Ayeyarwady ပန်ချီပြခန်းမှာ Great White ဆိုတဲ့အမည်နဲ့ ပန်ချီပြပွဲ ပြုလုပ်နေပြီး ဒီပြပွဲမှာ ခိုတောင်ကျွန်းလူသတ်မှုနဲ့ ပတ်သက် ပြီး သေဒဏ်ပေးခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ပုံတူကို လည်း ပြသထားပါတယ်။
2015-12-28
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ရှိနေတဲ့ ဆိုက်ကားဆရာတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်-စနေနေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမမှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2015-12-28
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တရားရုံးရှေ့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက် အဓမ္မပြုကျင့် သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ခင်ဦးမြို့ဒေသခံတွေက ဒီဇင်ဘာလ ၂၈ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
2015-12-28
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို ဖိနပ်နဲ့တက်နင်းထားတဲ့ ဓါတ်ပုံကို အင်တာနက်ဖေ့စ်ဘွတ်မှာ မျှဝေခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃနဲ့ အမှုဖွင့်ခံထားရတဲ့ ဦးပက်ထရစ် ခွန်ဂျာလီကို စွဲချက်တင်တရားစွဲဆိုသွားမှာဖြစ်ကြောင်း လှိုင်မြို့နယ်တရားရုံးက ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။
2015-12-28
ရှမ်းပြည်နယ်အလယ်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နမ့်ခုံးရှမ်းများပရဟိတ အသင်းက ဒုက္ခသည်တွေ ကယ်ဆယ်ရေး လုပ်ဆောင်နေမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေဟာ လွဲမှားနေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
2015-12-28
ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ အမျိုူးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ကျောင်း သားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းမှာ အသည်းရောင် စီပိုး စွဲကပ်နေပြီလို့ ဆေးစစ်ချက်အရ သိရပါတယ်။
2015-12-28
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေအပေါ် ကန့်ကွက် လွှာတင်တဲ့ အမှုတွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နောက် ဆုံးထားလက်ခံမှာဖြစ်ပြီး မနေ့ကအထိ အမှုပေါင်း ၃၃ မှု ရှိတယ်လို့ သိရပါတယ်။
2015-12-28
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ မြေစာပုံပြိုကျမှုတွေ ဆက် တိုက် ဖြစ်ပေါ်နေတဲ့အတွက် အုပ်ချုပ်ရေး အာဏာပိုင်တွေက ကျောက်တူးဖော်ရေးကုမ္ပဏီတွေကို မြေစာစွန့်ပစ်တဲ့နည်း ပြောင်းလဲဖို့ ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
2015-12-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကို လှောင်ပြောင် တဲ့ဓါတ်ပုံကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးခံထားရတဲ့ မချောစန္ဒီ ထွန်း ခေါ် ချစ်သမီး ကို ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
2015-12-28
ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်း လူသတ်မှု မှာ မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ချမှတ် ခံရတာနဲ့ ပတ်သက်ပြီး အယူခံဝင်တဲ့ကာလအတွင်း လူ့အခွင့်အရေးအရ ကာကွယ်စောင့်ရှောက်ပေး ဖို့ မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပန်ကြားလိုက် ပါတယ်။
2015-12-28
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ မြေစာပုံပြိုကျမှု၊ မြေသယ်ယာဉ် ကြီးတွေ ရောက်ရှိနေမှုတို့ကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှု မရှိအောင် ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို ပိတ်သိမ်း ဖို့ အပါအဝင် နည်းလမ်း ၃ခုနဲ့ ဖြေရှင်းသွားမယ်လို့ သတ္တု တွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။
2015-12-27
ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံး က မြန်မာလူငယ်နှစ်ယောက်ပေါ် ချမှတ် လိုက်တဲ့ အမိန့်ကို မကျေနပ်ကြောင်း ပြသ တဲ့အနေနဲ့ မြန်မာနိုင်ငံသား အနည်းငယ်အုပ်စု ဖွဲ့ဆန္ဒပြပေမဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးက မနေ့က ပုံမှန်အတိုင်း ဆက်လက်လည် ပတ်နေတယ်လို့ ဗန်ကောက်ပို့စ် သတင်းစာက ရေးသား လိုက်ပါတယ်။
2015-12-27
ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ဒေသခံတွေ အလုပ်အကိုင် ရရှိရေးနဲ့ ဒေသဖွံ့ဖြိုးရေး စတင်ဆောင် ရွက်နိုင်မှသာ စတင်အကောင်အထည်ဖော်ဖို့ ကျောက်ဖြူ မြို့ဒေသခံတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2015-12-27
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ အခွန်ဆောင်ပြီး တူးဖော်ရေး ယာဉ်၊ စက်ယန္တရား အရေအတွက်ဟာ လောလောဆယ် ဖားကန့်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့က ရရှိထားတဲ့ စာရင်းတွေအရ စုစုပေါင်း အစီးရေ လေးထောင်ဝန်းကျင်ရှိပါတယ်။