သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-27
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိက အားထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ ဆင်းရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2013-12-27
တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၈ ယောက်ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ မနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လေကြောင်းခရီး နဲ့ ရောက်ရှိလာပါတယ်။
2013-12-27
လာမယ့် ဇန်နဝါရီလဆန်း ပထမပတ်မှာ ချင်းပြည်နယ်မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒကောက်ခံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ဟောပြောမယ်လို့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
2013-12-27
မွန်ပြည်နယ် ပေါင်မြိုနယ်၊ ထန်းပင်ချောင်ကျေးရွာမှာ ဆားလုပ်ငန်းလုပ်ကိုင်ဖို့ဆိုပြီး အစိုးရကသိမ်းယူခဲ့တဲ့ လယ်ယာမြေတွေထဲက အတော်များများကို ဆားလုပ်ငန်းမလုပ်ဘဲ သီးစားချပေးနေတာကြောင့် မူလလုပ်ကိုင်ခဲ့တဲ့ ဒေသခံတောင်သူတွေက လယ်ယာမြေတွေ ပြန်ရဖို့အတွက် ဆန္ဒပြတောင်းဆိုဖို့ ပြင်ဆင်နေကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-12-27
နိုင်ငံတကာက IT နည်းပညာရှင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပါဝင်ဆွေးနွေးကြမယ့် Tech Camp လို့ခေါ်တဲ့ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လာမယ့် ဇန်နဝါရီလမှာ ကျင်းပဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ပူးတွဲကျင်းပမယ့် ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကျင်းပရေးကော်မတီမှ အမှုဆောင်ဒါရိုက်တာ ကိုနေဘုန်းလတ်ကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-12-27
သမ္မတ ဦးသိန်းစိန် ရွှေတြိဂံတိုင်းမှူးဖြစ်စဉ်က ဒေသခံ ဌာနေပြည်သူ့စစ်တွေကို လုပ်ပိုင်ခွင့် ချပေးခဲ့တယ်ဆိုတဲ့ မြေယာတွေမှာ ပြည်သူ့စစ် အဖွဲ့ဝင်ဟောင်းတစ်ဦးနဲ့ မြေကွက်ဝယ်ယူထားသူတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-12-27
အခုတစ်ပတ် ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်မှာ ကုန်ဆုံးတော့မယ့် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရပ်တွေအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနဲ့ လူငယ်ခေါင်းဆောင် နှစ်ဦးတို့ရဲ့ အမြင်သုံးသပ်ချက်တွေကို ဦးခင်မောင်ညိန်းက မေးမြန်းတင်ပြထားပါတယ်။
2013-12-26
လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် မြို့နယ်တစ်မြို့နယ်ကို ပြည်ထောင်စုလွှတ်တော်က ငွေကျပ်သိန်းတစ်ထောင်စီ ချပေးထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ငွေတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
2013-12-26
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ဝိုင်းဝန်းကူညီပေးခဲ့သူတွေ ကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ကူညီပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြော လိုက်ပါတယ်။
2013-12-26
ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံက ACHC ကုမ္ပဏီ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2013-12-26
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီးမှာ မွန်တိုင်းရင်းသား လူဦးရေကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မွန်တိုင်းရင်းသားတွေများတဲ့ တနင်္သာရီတိုင်းဒေသကြီး မြို့နယ် ၁၀ မြို့နယ်က မွန်လူဦးရေစာရင်းကို လာမယ့်နှစ် ဇန်နဝါရီလမှာ စပြီး ကောက်သွားမယ်လို့ သိရပါတယ်။
2013-12-26
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာ အလုပ်သမား ၉၇ ယောက်ကို ကူညီဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က မလေးရှား အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သမ္မတ ရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2013-12-26
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ မီးလောင်ပျက် စီးခဲ့တဲ့အိမ်တွေအတွက် အစားထိုးလုံးချင်း အိမ်အလုံးရေ ၁၉၀ ကျော်ကို ပထမအဆင့်အနေနဲ့ စတင်ဆောက်ပေးဖို့ ပြင်ဆင်နေပြီလို့ မိတ္တီလာခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2013-12-26
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ MIDO မြန်မာနိုင်ငံ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့ တို့မှာ "နည်းပညာဖြင့် သာတူညီညာ စုစည်းရာ" ခေါင်းစဉ်နဲ့ Tech Camp ဆွေးနွေးပွဲကို ရန်ကုန်မြို့ MICT Park မှာ ကျင်းပမယ်လို့ သိရပါတယ်။
2013-12-26
ဒီနေ့ကျရောက်တဲ့ ခရစ္စမတ်ပွဲတော်ကို ကချင်ပြည်နယ်က ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လချိတ်စတဲ့ ကချင်မျိုးနွယ်စုတိုင်းရင်းသားတွေက သက်ဆိုင်ရာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေမှာ ကျင်းပခဲ့ကြပါတယ်။ RFAသတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။