မိတ္ထီလာ ဒုက္ခသည်များ အတွက် နေအိမ်များ ဆောက်လုပ်
2013.12.26

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မီးလောင်ပျက်စီးခဲ့တဲ့အိမ်တွေအတွက် အစားထိုးလုံးချင်းအိမ် အလုံးရေ ၁၉၀ ကျော်ကို ပထမအဆင့်အနေနဲ့ စတင်ဆောက်ပေးဖို့ ပြင် ဆင်နေပြီလို့ မိတ္တီလာခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
မိတ္ထီလာမြို့က ဒုက္ခသည်စခန်း ၅ ခုမှာ လက်ရှိအချိန် အထိနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဘာသာဝင် စုစုပေါင်း လေးထောင်ကျော်အတွက် လုံးချင်းအိမ်တွေ အပြင် ၆ ခန်းတွဲတိုက်တွေကိုပါ ဆောက်လုပ်ပေး မှာဖြစ်တယ်လို့ သိရပါတယ်။ မိတ္တီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက အစိုးရ၊ ဗုဒ္ဓဘာသာဝင် အလှူရှင်တွေအပြင် ရန်ကုန်အခြေစိုက် MM ရောင်နပ်ပလီ မွတ်စလင်အသင်းတို့ ပူးပေါင်းစီစဉ်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပဋိပက္ခမဖြစ်ခင်ကတည်းက ကျူးကျော်နေထိုင်သူတွေလို့ သတ်မှတ်ခံထားရသူတွေအတွက် လည်း ခြောက်ခန်းတွဲ ၃ ထပ်တိုက် အလုံး ၃၀ ကျော်ကို ဆောက်လုပ်ပေးမယ်လို့ သိရပါတယ်။ ဒီအိမ်ယာဆောက်လုပ်ရေးစီမံကိန်း ကုန်ကျစားရိတ်ဟာ ခန့်မှန်းခြေ ကျပ်သိန်း ၇၀၀ ကျော် ကုန်ကျမှာဖြစ်ပြီး မိုးမကျမီ အပြီးဆောက်လုပ်နိုင်မယ်လို့လည်း ခန့်မှန်းကြောင်း ပြောပါတယ်။
မြန်မာမွတ်စလင် ရောင်နပ်ပလီ အသင်းကိုယ်စားလှယ်၊ အိမ်ယာဆောက်လုပ်ရေးအတွက် ကြီးကြပ်သူ ကိုခင်နန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။