လွှတ်တော်ကချပေးတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ စီမံခန့်ခွဲမှု
2013.12.26
လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် မြို့နယ်တစ်မြို့နယ်ကို ပြည်ထောင်စုလွှတ်တော်က ငွေကျပ်သိန်းတစ်ထောင်စီ ချပေးထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ငွေတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိန်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။