သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-21
မြန်မာအစိုးရ ရုပ်ရှင် တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန် ထောက်ပြ သရော်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တစ်ပုဒ် အခု ရက်ပိုင်းအတွင်း Youtube အင်တာနက် ဗွီဒီယို စာမျက်နှာတွေက တစ်ဆင့် ပျံ့နှံ့ခဲ့ပါတယ်။
2011-12-21
လာမယ့် ဇန်နဝါရီလ ၁၂ ရက်မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ဖို့ အတွက် ဖားအံမြို့မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။
2011-12-21
ရန်ကုန်မြို့ လူစည်ကားရာ ကမာရွတ် လှည်းတန်း အနီးမှာ ဒီကနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်လောက်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ အာရ်အက်ဖ်အေက စုံစမ်း သိရှိရပါတယ်။
2011-12-21
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို တရားဝင် မှတ်ပုံတင်ဖို့ လာမယ့် ဒီဇင်ဘာလ ၂၃ ရက်မှာ ပါတီ ခေါင်းဆောင် ၂ ဦး နေပြည်တော်ကို သွားမယ်လို့ သိရပါတယ်။
2011-12-21
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ နံနက် ၁၁ နာရီက သွားရောက် တွေ့ဆုံတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ပြောပါတယ်။
2011-12-21
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်မှာကို ထိုင်းဝန်ကြီးချုပ်က အားပေး ထောက်ခံကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီး Ms. Thitima Chaiisang က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-12-20
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာက အကြံပြုခဲ့တယ်ဆိုတဲ့ Bloomberg သတင်းဌာနရဲ့ ပြောဆိုချက်ဟာ မဟုတ်မမှန်ကြောင်း ကိုဇာဂနာက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောဆိုပါတယ်။
2011-12-20
လောင်စာစွမ်းအင် လိုအပ်ချက် တစ်နေ့ထက် တစ်နေ့ တိုးတက် မြင့်မားလာနေတဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့ သဘာဝဓာတ်ငွေ့ကို အနာဂတ်မှာ ပိုမို တိုးမြှင့် ဝယ်ယူဖို့ ရှိနေတယ်လို့ ထိုင်းအရာရှိတွေက ပြောကြားလိုက်ပါတယ်။
2011-12-20
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး သမိုင်း မြို့မဘုန်းကြီးကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2011-12-20
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အစိုးရဘက်က အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီးကြောင်း အစိုးရက KIO ကို ဒီဇင်္ဘာ ၁၈ ရက်က အကြောင်းကြားခဲ့တယ်လို့ KIO အဖွဲ့က ပြောပါတယ်။
2011-12-20
မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၂ နိုင်ငံအကြား ပုံမှန်အတိုင်း ချစ်ကြည်စွာ ဆက်ဆံသွားဖို့ ရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။
2011-12-20
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟ အပေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ ပြင်းထန်လွန်းတဲ့အတွက် ပြန်လည် စဉ်းစားပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စာရေးသား လျှောက်ထား လိုက်ပါတယ်။
2011-12-20
မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ဟာ အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ်။
2011-12-19
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီး နောက်ပိုင်း မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ အစိုးရ အရာရှိ တစ်ဦးက ပြောဆိုကြောင်း AFP သတင်းဌာန က ဖေါ်ပြပါတယ်။
2011-12-19
ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာ အာဏာပိုင်တွေနဲ့ တွေဆုံခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို အတည်ပြု ပြောဆိုလိုက်ပါတယ်။