မြောက်ကိုရီးယား ပြောင်းလဲနိုင်ကြောင်း မြန်မာ အစိုးရပိုင်း ပြောဆို
2011.12.19

AFP PHOTO / KCNA via KNS
ဒါပေမဲ့ ကင်မ်ဂျုံအီလ် ရဲ့ အရိုက်အရာကို ဆက်ခံမယ့် သားအငယ် ကင်မ်ဂျုံအွန်း ရဲ့အကြောင်းကိုတော့ သိပ်မသိကြောင်း၊ မြန်မာ အစိုးရ အနေနဲ့ ကင်မ်ဂျုံအီလ် အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မှာ ဖြစ်ကြောင်းလည်း အဲဒီ အရာရှိက ပြောပါတယ်။
မြန်မာ အစိုးရ အရာရှိ
နောက်တစ်ဦးကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မယ့် ကိစ္စဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ အခုတလော မြန်မာ နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအဝန်းက နားလည်မှု လွဲနေကြောင်း ပြောဆိုပါတယ်။
မြန်မာ နဲ့မြောက်ကိုရီးယားတို့ကြား အဏုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ရှိနေတယ် ဆိုတဲ့ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း- အထူးသဖြင့် အမေရိကန် လွှတ်တော် အမတ်တွေက စိုးရိမ်နေကြ ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာပြည်ကို
လာရောက်ခဲ့စဉ် ကလည်း မြောက်ကိုရီးယား နဲ့ မသင့်မတော် ဆက်ဆံရေးတွေကို ဖြတ်တောက်ပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာ အစိုးရကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အတိုင်း လိုက်နာသွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ တုံ့ပြန်ဝေဖန်ချက် ဂယက်တွေနဲ့ပတ်သက်ပြီး ဒေါ်ခင်ခင်အိ ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |