NLD ပါတီ သောကြာနေ့ မှတ်ပုံတင်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို တရားဝင် မှတ်ပုံတင်ဖို့ လာမယ့် ဒီဇင်ဘာလ ၂၃ ရက်မှာ ပါတီ ခေါင်းဆောင် ၂ ဦး နေပြည်တော်ကို သွားမယ်လို့ သိရပါတယ်။

2011.12.21
nld_21st_anniv_305_z အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀ဝ၉ စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပစဉ် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ပိုစတာများဖြင့် အတူတွေ့ရသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
AFP

ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ အဖွဲ့ဟာ သောကြာနေ့မှာ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားပြီး မှတ်ပုံတင်မယ်လို့ ကိုယ်တိုင် လိုက်ပါသွားမယ့် NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ပြောပါတယ်။

NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို လက်မခံနိုင်လို့ ၂၀၁၀ ပြည့်နှစ်မှာ ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ ငြင်းဆိုခဲ့ပြီးတဲ့နောက် တရားဝင် ပါတီအဖြစ်က ရပ်နားခဲ့ရပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ ဆွေးနွေးမှုတွေ အပြီး မြန်မာ အာဏာပိုင်တွေက ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ဆင်ပေးခဲ့ သလို ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ကိုလည်း ခွင့်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။