ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2011.12.20

RFA
အခုလို တွေ့ဆုံတာဟာ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံတာပါ။
အရင်တစ်ခေါက် ခရီးစဉ်အတွင်း မတွေ့ဆုံနိုင်ခဲ့တဲ့ကိစ္စ အပါအဝင် ကိစ္စအထွေထွေကို ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပေမယ့် ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်တာမရှိဘူးလို့ ဆိုပါတယ်။
ဆွေးနွေးပွဲမတိုင်ခင် ဆက်သွယ်မေးမြန်းတဲ့အခါ နှစ်နိုင်ငံ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ ကိစ္စတွေကို အဓိက ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ အင်န်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ပျဉ်းမနားနေပြည်တော်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ လာတာပါ။
မြန်မာနိုင်ငံကနေ သဘာဝ ဂက်စ် ဓာတ်ငွေ့ အသစ်ရှာဖွေ ထုတ်ယူရရှိနိုင်ဖို့ ဒီခရီးစဉ်အတွင်း မြန်မာစွမ်းအင်ဝန်ကြီးနဲ့ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့လည်း သိရပါတယ်။