သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-21
ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် ဥရောပသမဂ္ဂ ကော်မရှင်က ယူငွေ ၃ သန်း ထောက်ပံ့ ကူညီမယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2010-12-21
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ရပ်ကွက်အမှတ် ၁၄၀ နေ ဒေါ်မိုးရီရဲ့ သား ကိုခန့်ချောကို အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် မိသားစုက ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာ ILO ကို တိုင်ကြားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2010-12-21
ပြီးခဲ့တဲ့ သြင်္ကန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ( အိပ်ခ်စ် တူးအို) ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံရိုက် သတင်းယူတဲ့အတွက်ဆိုပြီး ဖမ်းဆီးထားတဲ့ ကိုစည်သူဇေယျနဲ့ သူ့ဖခင် ဦးဇေယျတို့ နှစ်ဦးမှာ သားဖြစ်တဲ့ ကိုစည်သူဇေယျကို ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ စွဲချက်နှစ်ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။
2010-12-21
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတွေ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။
2010-12-21
အမေရိကန်ပြည်ထောင်စု အခြေစိုက် သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အနေနဲ့ သံဃာတော်တွေအတွက် ပညာသင်ထောက်ပံ့ကြေး ဆုငွေချီးမြှင့်ဖို့ စီစဉ် လုပ်ဆောင်နေတယ်လို့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက RFA ကို ဒီဇင်ဘာ ၂၀ ရက် မနေ့က မိန့်ကြားပါတယ်။
2010-12-21
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု နှုတ်ဆက်တဲ့အနေနဲ့ ကွယ်လွန်သူ တောင်ကိုရီးယား သမတဟောင်း ကင်မ်ဒဲဂျုန်ရဲ့ ဇနီး မစ္စ ယီဟီဟိုက ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့ခဲ့ပါတယ်။ သူ့ခင်ပွန်း တောင်ကိုးရီးယား သမတဟောင်း ကင်မ်ဒဲဂျုန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန် လေးစားကြောင်း ရေးသားထားတဲ့အပြင် ဒုက္ခဆင်းရဲအပေါင်းကို ရင်ဆိုင် ကျော်ဖြတ် အောင်နိုင်သူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးထားပါတယ်။
2010-12-20
အခုနှစ် ၉ လတာအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်တင်ပို့မှုဟာ ၆၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားတယ်လို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
2010-12-20
လာမဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလက စတင်မဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် ၃ နှစ်သက်တမ်းအတွက် သြစတြေးလျ နိုင်ငံခြားရေးရာနဲ့ ကူးသန်းရောင်းဝယ်ရေးဌာန ထိပ်တန်းအရာရှိ Ms. Bronte Moules ကို ခန့်အပ်လိုက်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2010-12-20
အိုင်အယ်အိုအရာရှိ မစ္စတာစတိဗ် မာရှယ်ဟာ အောင်လံမြို့နယ်က လယ်သမားတွေနဲ့ ဒီဇင်ဘာ ၁၉ ရက် မနေ့က သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
2010-12-20
သရက်ထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် မနီလာသိန်းဟာထောင် ပြောင်းပေးဖို့ တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်၊
2010-12-20
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အကြားမှာ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း မကြာသေးခင်က WikiLeaks က ပေါက်ကြား ဖော်ပြတဲ့ အမေရိကန် သံတမန်ရေးရာ လျှို့ဝှက် ကြေးနန်းတွေအရ သိရပါတယ်။
2010-12-20
ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၂ နာရီလောက်က အိုင်အယ်အို ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိဗ် မာရှယ်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အိုင်အယ်အို အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြ ဆွေးနွေးခဲ့တယ်လို့ မစ္စတာ စတိဗ် မာရှယ်က RFA ကို ပြောပါတယ်။
2010-12-19
နေအိမ်အကျယ်ချုပ် ကာလအတွင်း ကွန်ပြူတာပေါ်တွင် ရေးဆွဲခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားတချို့ကို တင်ပြထားပါသည်။
2010-12-19
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးထားကြပါတယ်။
2010-12-19
စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာသီဥတုနဲ့ ထောင်တွင်း အခြေအနေ ဆိုးဝါးမှုတွေကြောင့် ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြပေမယ့် လုံလောက်တဲ့ ဆေးကုသမှု မရကြဘူးလို့ သိရပါတယ်။