သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-27
စစ်အာဏာရှင်အဆက်ဆက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီက အရက်စက်ဆုံးဖြစ်တယ်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်သူတွေက ပြောကြပါတယ်။
2023-09-27
အွန်လိုင်းလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေတားဆီးဖို့ တရုတ်နိုင်ငံ ထိန်ချုန်းမြို့မှာ ကန့်သတ်ဇုန် တည်ထောင်မယ်လို့ အာဏာပိုင်တွေ ကြေညာလိုက်ပါတယ်။
2023-09-27
လားရှိုးမြို့က DENKO ဆီဆိုင်မှာ စက်တင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။
2023-09-27
စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက PDF နဲ့ ဒေသခံ စုစုပေါင်း ရှစ်ဦးက စစ်ကောင်စီတပ်ရဲ့ သတင်းကိုစုံစမ်းဖို့ ညောင်ကုန်းရွာကို သွားရောက်ချိန်မှာ အဲဒီထဲက သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ပြောပါတယ်။
2023-09-27
ကလေးမြို့တောင်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မြို့လှရပ်ကွက်၊ အင်ဒိုင်းကုန်းကျေးရွာနဲ့ အောင်သာယာကျေးရွာတွေက အရပ်သားသုံးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-09-27
နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ကနေ ၃၀ ရက်နေ့ထိ ရုရှားနိုင်ငံ ပရီမော့စကီး (Primorsky) ဒေသမှာ ပြုလုပ်နေပါတယ်။
2023-09-27
စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံထားရပေမယ့် ပြည်သူရှိနေသရွေ့ ပါတီဆက်ရှိနေဦးမှာလို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်းစနစ်နဲ့ စက်တင်ဘာ ၂၇ မှာ ပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားမှာ ပြောပါတယ်။
2023-09-27
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၉ ဦးသေဆုံးပြီး ၄၈၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-09-27
စွန်လွှတ်ကြတဲ့ လူကြီးပိုင်းတွေကတော့ စွန်လွှတ်ကစားတဲ့နေရာတွေမှာ လူငယ်တွေပါဝင်လာတာကို ပိုပြီး မြင်ချင်နေကြပါတယ်။
2023-09-27
စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုက ကြေညာထားပါတယ်။
2023-09-27
လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပါတီဝင် ၁၂၆၉ ဦးထဲမှာ လွှတ်တော်အမတ် ၇၃ ဦးအပါအဝင် ပါတီဝင်အမျိုးသား ၁၀၇၇ ဦးနဲ့ ပါတီဝင်အမျိုးသမီး ၁၉၂ ဦး ပါဝင်ပါတယ်။
2023-09-27
ဆင်းမ်ကတ်တွေကို မှတ်ပုံမတင်ရင် ဒါမှမဟုတ် လိမ်လည်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို ရောင်းချရင် ထောင်ခြောက်လအထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2023-09-27
ချောင်းဦးမြို့နယ် မင်းတည်၊ မင်းခေါင်နဲ့ မကျီးခွရွာတွေကို စက်တင်ဘာ ၂၆ ရက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် PDF တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားခြောက်ဦး သေဆုံးပြီး နောက်ထပ်သေဆုံး ထိခိုက်သူတွေ ထပ်ရှိနိုင်တယ်လို့ ပြောပါတယ်။
2023-09-26
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ Volker Türk က မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့နေရာမှာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေ ပိုဆိုးလာတဲ့အကြောင်း ပြောသွားတာပါ။
2023-09-26
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ နဲ့ မြဝတီမြို့ ဘက်မှာ အခု ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာပြည်သားတွေ ခါးပိုက်နှိုက်၊ လူသတ်၊ လုယက်ခံရတာတွေ များလာနေပါတယ်။