သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-27
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံက လုပ်ငန်းတွေကို တချို့ ပြည်ပကုမ္ပဏီတွေက ရပ်နားလိုက်ပေမယ့် ဂျပန်နိုင်ငံက ကုမ္ပဏီကြီးတွေ ဆက်လက်လုပ်ကိုင်မယ်ဆိုရင် မြန်မာစစ်တပ်ကို ဘဏ္ဍာငွေပံ့ပိုးရာရောက်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2022-04-27
နိုင်ငံခြားငွေ အမြောက်အများ ကိုင်တွယ် သုံးစွဲဖို့ လိုအပ်တဲ့ အဖွဲ့အစည်းတွေကို ကင်းလွတ်ခွင့် ပေးလိုက်ပေမယ့် ပြည်ပပို့ကုန်ကရတဲ့ နိုင်ငံခြားငွေကို အကျိုးအမြတ်ရဖို့ အမှီပြုနေရတဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကို ပုံသေ သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ မဖြစ်မနေ လဲလှယ်ခိုင်းတာဟာ ပြည်တွင်း လုပ်ငန်းတွေကို ထိခိုက်နစ်နာစေတဲ့အကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီအနေနဲ့ ဒီအမိန့်ကို ပြန်လည် ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။
2022-04-27
ဒီရွာက ရွာသားတွေကို ပျူစောထီးအဖွဲ့ထဲဝင်ဖို့ စည်းရုံးတာတွေရှိနေပေမယ့် ရွာသားတွေက မဝင်တာကြောင့် ဒေသခံခုခံကာကွယ်ရေးတပ် PDF ရွာလို့ သတ်မှတ်ပြီး မီးရှို့ခံရတာလို့ ရွာသားတွေက ယူဆကြပါတယ်။
2022-04-27
ဧည့်စာရင်းစစ်မယ်လို့အကြောင်းပြပြီး စစ်ကောင်စီတပ်သားတွေ နေအိမ်ထဲဝင်ဖမ်းတာကို မစံထိပ်ထားဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနောက် "ဖေဖေ့ကိုခေါ်သွားပါပြီ" လို့ ထပ်မံရေးထားပါတယ်။
2022-04-27
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ ရာဇဝတ် အကျဉ်းသား တစ်ဦးကြား အချင်းများရာကစလို့ ဆူပူဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2022-04-27
ဒီသတင်းဌာနတွေကို "ပြည်ဖျက်မီဒီယာတွေ" အဖြစ် ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး၊ စစ်ကောင်စီဘက်က အဲဒီလို သတ်မှတ်ထားတဲ့ သတင်းဌာန ခုနစ်ခု ရှိတယ်လို့လည်း ဆိုပါတယ်။
2022-04-27
NCA လက်မှတ်ထိုးထားတဲ့ ၁ဝ ဖွဲ့ ရှိတဲ့ထဲက ဘယ်အဖွဲ့တွေ တက်ရောက်မယ်ဆိုတာနဲ့ တရားဝင် အကြောင်းပြန်ကြား ထားသလားဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အလားတူ NCA လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ထဲက ၈ ဖွဲ့နဲ့လည်း စစ်ကောင်စီက ချိတ်ဆက်စကားပြောခဲ့ပြီး အဲဒီအဖွဲ့တွေလည်း တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
2022-04-27
မန္တလေးမြို့မှာ သွေးသောက်ဆိုတဲ့အဖွဲ့တစ်ခု ဧပြီလ ၂၁ ရက်နေ့ကစလို့ လူသိရှင်ကြား ပေါ်ပေါက်လာပြီးနောက် ဒီနေ့အထိ အချိန် ခုနစ်ရက်အတွင်း လူရှစ်ဦးလောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-04-27
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ထံမှာ အစစ်ဆေးခံဖို့ အခက်အခဲတွေ ရှိနေတယ်လို့သိရတဲ့အတွက် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ UEC က ဧပြီလ ၂၇ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2022-04-27
စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို အခုနှစ် ပညာသင်နှစ်မှာ ဂျပန်ကာကွယ်ရေး သင်တန်းကျောင်းတွေမှာ တက်ဖို့ ဂျပန်နိုင်ငံက လက်ခံလိုက်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေတယ်လို့ ဧပြီလ ၂၇ ရက်နေ့က ဂျပန်နိုင်ငံမှာ ထုတ်ဝေတဲ့ Asahi Shimbun သတင်းစာက ဖော်ပြပါတယ်။
2022-04-27
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း သံပေါက်၊ ဇင်ကလဲနဲ့ လောင်းပြည့် စတဲ့ ရွာသုံးရွာမှာ သုံးရက်အတွင်း အိမ်ပေါင်း ၂၇၀ ကျော် မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-27
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲက သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်းအပါအဝင် မိသားစုဝင် သုံးယောက်ကို စစ်ကောင်စီတပ်တွေက ဧပြီလ ၂၆ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-04-27
ပြိုကျလုနီးပါးဖြစ်နေတဲ့ ဒီအိမ်ကလေးဟာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုပေးထားတဲ့ မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာလေး ဖြစ်ပါတယ်။
2022-04-27
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဧပြီလ ၂၇ ရက် ဒီနေ့ရုံးချိန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-04-26
Star Sapphire Group ကုမ္ပဏီအုပ်စုဟာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုနဲ့ ဆက်နွှယ်ပတ်သက်နေပြီး စစ်တပ်နဲ့လက်နက်အရောင်းအဝယ်၊ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်ရဲ့ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်တွေကြားမှာ ကြားပွဲစားအဖြစ် အဓိကအခန်းက ပါဝင်ဆောင်ရွက်နေတာပါ။