သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-28
ရန်ကုန်ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကျောင်းသားတစ်ဦးကး စစ်တပ်ဖွင့်တဲ့ကျောင်းကို တက်လည်း မတက်၊ စာမေးပွဲလည်း ဖြေမှာမဟုတ်ကြောင်း သူ့အတန်းဖော်တွေကလည်း အလားတူပဲဖြစ်ကြောင်း ပြောပါတယ်။
2023-03-28
အသတ်ခံရသူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး ဇန်နဝါရီလက နှစ်ဦး၊ ဖေဖော်ဝါရီလမှာ နှစ်ဦးနဲ့ အခုမတ်လမှာ ၁၀ ဦးအထိရှိလာတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
2023-03-28
အဖွဲ့တွေအားလုံး နိုင်ငံရေးဘုံသဘောတူညီချက်တွေ တူညီသွားမယ်ဆိုရင် အခက်အခဲဖြစ်နေတဲ့ လက်နက်တပ်ဆင်မှုအပိုင်းတွေပါ အဆင်ပြေသွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF ဗဟိုကော်မတီဝင် မင်းလတ်ဥက္ကာ က ပြောပါတယ်။
2023-03-28
NUG နဲ့ PDF အဖွဲ့တွေကို ကူညီပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို အရေးယူဆောင်ရွက်မယ်လို့ မတ်လ ၂၇ ရက်နေ့က အာဏာသိမ်းခေါင်းဆောင်က ပြောဆိုပြီး နောက်တစ်ရက်မှာပဲ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
2023-03-28
ရန်ကုန်တိုင်း ဒေါပုံမြို့နယ်က နွယ်အေးဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ စုရုံးပြီး ဥပုသ်စောင့်ကြ၊ ဝါဖြေဖို့အတွက် အာဟာရ (ဟာလင်) အစားအသောက်တွေ ဝေငှလှူဒါန်းကြတာတွေ့ရပါတယ်။
2023-03-28
ဒီလိုပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ ကိုယ့်အိမ်ကိုယ် မပြန်ရဲကြသေးဘဲ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ သွားလာရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။
2023-03-28
အဲဒီပါတီ ၄ဝ ဟာ ရွေးကောက်ပွဲကော်မရှင်မှာ ရက်ပေါင်း ၆ဝအတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ကြေညာခဲ့တာပါ။
2023-03-28
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မှာ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
2023-03-28
ရွှေဘိုမြို့နယ်က မူးတံတားမှာ မိုင်းနှစ်လုံးပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦးနဲ့ လူကြီးတစ်ဦး သေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2023-03-28
ဒီစခန်းမှာ စစ်ကောင်စီတပ်အင်အား ၆၀ ကျော်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြင်းအထန်ခုခံပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
2023-03-28
မကွေးတိုင်း၊ မြစ်ခြေ-ကျွန်းချောင်းဒေသမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-03-28
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်က ညောင်ကုန်း ရဲကင်းစခန်းကို ဆိုင်ကယ်သုံးစီးနဲ့ လူခြောက်ယောက်က ရဲစခန်းအပေါက်ဝကနေ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2023-03-28
စစ်ကောင်စီဟာ အရပ်သားတွေကို တိုးပြီးတိုက်ခိုက်လာတယ်လို့ (AI) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2023-03-28
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ရန်ကုန်မှာ အလှည့်ကျ မီးပေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေရပါတယ်။
2023-03-28
ရှော့တိုက်ဒုံးနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ မကြာခဏခံနေရတဲ့ မကွေး လေတပ်စခန်းအနီးရှိ နေအိမ်တွေကို ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထားဖယ်ရှားဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ပြန်ထားပါတယ်။