သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-29
Karen Information Center (KIC) သတင်းဌာနရဲ့ မြဝတီမြို့ခံ သတင်းထောက် ကိုနေနော်ကို မတ်လ ၂၈ ရက် မနေ့က မြဝတီမြို့မ ရဲစခန်းက ဖမ်းဆီသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
2022-03-29
ဒီနေ့မနက် ကိုးနာရီခွဲလောက်က ချင်းပြည်နယ် ဟားခါးမြို့နဲ့ အမှတ် ၂၆၆ တပ်စခန်းကြား ထင်းရှူးတောထဲကို စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2022-03-28
နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ အပေးအယူ လုပ်နိုင်ဖို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးကိုအသုံးချဖို့ ကြိုးစားချင်တာလည်း ဖြစ်နိုင်တဲ့အကြောင်း ပြည်ပက မြန်မာ့အရေးသုံးသပ်သူတွေက ပြောပါတယ်။
2022-03-28
ကမ္ဘာ့နိုင်ငံတွေအလယ်မှာ တစ်နေ့တခြား အထီးကျန်ဖြစ်လာနေတဲ့ မြန်မာစစ်ကောင်စီဟာ အရင်စစ်အစိုးရ တွေလက်ထက်က ပူးပေါင်းဆက်ဆံရေး တိုးချဲ့ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တိတ်တဆိတ် ပြန်လည် ဆက်သွယ် နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
2022-03-28
ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်က ပြည်သူတွေဟာ သောက်သုံးရေရှားတဲ့ ပြဿနာကို နှစ်တိုင်းကြုံတွေ့နေရတာ ဖြစ်ပါတယ်။
2022-03-28
မြန်မာကိုမဆက်ဆံဘဲ အထီးကျန်ပစ်ထားမယ့်အစား လက်တွဲခေါ်တာက ပိုကောင်းတယ်လို့ သီရိလင်္ကာက အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ လက်ရှိနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Jayanath Colombage (ဂျေးယာနာ့သ် ကိုလန်းဘီယေ့ချ်) ကပြောပါတယ်။
2022-03-28
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ သုံးဆနီးပါး မြင့်တက်လာတယ်လို့ စစ်ရေးလေ့လာတဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
2022-03-28
ပြီးခဲ့တဲ့နှစ်က မကွေးမြို့ ဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတဲ့ ကိုလျှံဖြိုးအောင်ကို ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) နဲ့ မကွေး ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပါတယ်။
2022-03-28
ကယားပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ အခုနွေရာသီမှာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နေကြရပါတယ်။
2022-03-28
စစ်ခုံရုံးကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့သူ စုစုပေါင်း ၁၇၅ ဦးအထိ ရှိနေပါတယ်။
2022-03-28
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာက လူတချို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသွားအလာကန့်သတ် (ကွာရန်တင်း) ဝင်နေရပြီး မတ်လ ၂၈ ရက် ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-03-28
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ထောင် အထူးတရားရုံးကနေ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်း ဟာ အီလက်ထရွန်နစ် ဥပဒေပုဒ်မ - ၃၃ (ခ) နဲ့ ထပ်မံတရားစွဲခံလိုက်ရပါတယ်။
2022-03-27
ဒီဖြစ်ရပ်မတိုင်ခင်က ကျောက်ပန်းတောင်း၊ ချောက် NLD လွှတ်တော် ကိုယ်စားလှယ်အချို့ ဆရာတော့်ဆီမှာ ခိုလှုံနေတယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး စစ်တပ်ဘက်က လာရောက်မေးမြန်းတာတွေလည်း ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
2022-03-27
အကြမ်းဖက်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးထောက်ခံနေတဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးအရဆွေးနွေးသွားမှာမဟုတ်ဘဲ နှိမ်နှင်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့တပ်မတော်နေ့ မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။
2022-03-27
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အခု မတ်လ ၂၀ ရက်အထိ တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲပေါင်း ၃၃၀၂ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Institute for Strategy and Policy – Myanmar အဖွဲ့က မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။