သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-29
ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၄ က အစုလိုက် အပြုံလိုက် မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၃၃ လောင်းနဲ့ ရုပ်အလောင်းအပိုင်း အစတွေကို ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲမှာ ဒေသခံတွေက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။
2021-12-29
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ တရုတ်နိုင်ငံသားပိုင် အမှတ်(၂) ဆိုလာမိုဒါ (Solamoda 2) အထည်ချုပ်စက်ရုံ အလုပ်သမား ၁၂၀၀ ကျော်အတွက် နစ်နာကြေးနဲ့ လျော်ကြေး ကျပ်သန်း နှစ်ထောင်ကျော်ပေးဖို့ တောင်းဆိုမှုကို ငြင်းဆိုခံနေရတယ်လို့ အဲဒီစက်ရုံအလုပ်သမား ခေါင်းဆောင်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
2021-12-29
မကွေးတိုင်း ဂန့်ဂေါဒေသက နှမ်းခါးရွာဟာ အရင်က မထင်မရှား ရှိနေခဲ့တဲ့ ရွာတစ်ခုပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ နှမ်းခါးရွာကို မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကပါ သိလာရပါတယ်။
2021-12-29
တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်တောင်းဆိုမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ကြားနေရပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း အခက် အခဲတွေကြားက သူတို့စွမ်းအားရှိသမျှဆောင်ရွက်နေတယ်၊ ရှေ့နှစ်အတွင်း တိုးတက်မှုတွေကို ထင်ထင်ရှားရှားမြင် ကြရပါလိမ့်မယ်လို့ RFA ကို ပြောပါတယ်။
2021-12-28
ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်မှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ နိုင်ငံတကာ ကူညီမှုအဖွဲ့ တစ်ခုဖြစ်တဲ့ Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦးအပါအဝင် လူနည်းဆုံး ၃၅ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စကို အမေရိကန်ပြည်ထောင်စုက အပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပါတယ်။
2021-12-28
ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကိုဗစ်လူနာတွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေအတွက် သူနာပြုဆရာမ တစ်စုက အရေးပေါ်ဆေးခန်း တွေ လျှို့ဝှက်ထူထောင်ခဲ့ကြပါတယ်။
2021-12-28
အကူအညီပေးရေးလုပ်နေတဲ့ ဝန်ထမ်းတွေကို အကြမ်းဖက်တာဟာ လက်ခံနိုင်စရာ လုံးဝမရှိကြောင်းနဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတယ်လို့ Save the Children ရဲ့ အမှုဆောင်ချုပ် Inger Ashing က ပြောပါတယ်။
2021-12-28
ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း ဆန္ဒပြသူတွေကို စစ်ကားနဲ့ တိုက်ဖြိုခွဲခံရစဉ် အဖမ်းခံလိုက်ရတဲ့ မယဉ်မေအောင်ဟာ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ အာမခံနဲ့ ပြန်လွတ် လာပြီလို့ သူ့ရှေ့နေက ပြောပါတယ်။
2021-12-28
ကလေးမြို့နယ် နတ်ချောင်းရွာမှာ ဒီဇင်ဘာလ ၂၃ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေသလို ဒီနေ့ မှာတော့ နတ်ချောင်းနဲ့ ချောင်းဂွရွာက နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-28
ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ၁၁ လနီးပါး ကာလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လက်နက်ကိုင် တော်လှန်ရေးကို အင်အားသုံး နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ အမျိုးသမီးအရေအတွက် ၉၄ ယောက် ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောပါတယ်။
2021-12-28
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက် စီမံကိန်း ၁ နဲ့ ၂ အကြား တံတားအောက်က မြောင်းမှာ ရေခဲသေတ္တာအဟောင်းတစ်ခုကနေ ပေါက်ကွဲပြီး လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
2021-12-28
ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ ဒု-ဥက္ကဋ္ဌ မသီရိမိုးရဲ့မိခင်ဟာ စစ်ကောင်စီတရားရုံးကနေ ဒီဇင်ဘာ ၂၇ ရက် မနေ့က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချခံလိုက်ရပါတယ်။
2021-12-28
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က လုပ်သက် ၂၅ နှစ်ရှိတဲ့ အလယ်တန်း ကျောင်းဆရာမ ဒေါ်ယုဝါဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ အလုပ်ထုတ်ခံထားရသူပါ။
2021-12-28
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့၊ မိုဆိုရွာအနီး လူ ၃၅ ဦးကို စစ်ကောင်စီရဲ့ တပ်သားတွေက မီးရှို့သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေက အမြန်ဆုံး အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသင့်တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2021-12-28
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသ ပန်မေရွာထဲမှာ ဒီဇင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ရွာသား တစ်ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။