သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-28
အောက်တိုဘာလ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အရှိန်လျော့သွားတာမရှိဘဲ ဆက်လက်ပျံ့နှံ့နေပါတယ်။
2023-11-28
မူဆယ်မြို့ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ်ကြောင့် ကလေးသုံးဦး အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
2023-11-28
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာလောက်ရှိခဲ့ပါတယ်။
2023-11-27
မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ဖို့ တရုတ်ရေတပ်ရဲ့ စစ်သင်္ဘောသုံးစီးဟာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို နိုဝင်ဘာလ ၂၇ ရက်နေ့က ရောက်ရှိလာတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2023-11-27
နွေဦးတော်လှန်ရေးအတွင်း မြန်မာနိုင်ငံအထက်ပိုင်းက လက်နက်ကိုင်တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် အိန္ဒိယနယ်ခြားဒေသကို သွားရောက် ဆေးကုသမှုခံယူနေကြတဲ့ လူငယ်တချို့ကို RFA က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။
2023-11-27
ထိုင်းနိုင်ငံ မဲဆောက်မြို့ နောင်ဘွားရွာက ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာလ ၂၆ ရက်က ကထိန်အလှူပွဲ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံသားတွေနဲ့အတူ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
2023-11-27
လက်ရှိစစ်ကောင်စီလက်အောက်မှာရှိနေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အားလုံး အချိန်မနှောင်းခင်လက်နက်ချကြဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့ ခြောက်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့ မနေ့က ကြေညာချက်တစ်စောင် စုပေါင်းထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2023-11-27
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတစ်ခုကို နိုဝင်ဘာ ၂၇ ရက်နေ့ မနေ့မနက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး သိမ်းပိုက်လိုက်တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။
2023-11-27
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို တောင်ကိုရီးယား နိုင်ငံသားတွေ ခရီးမသွားကြဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။
2023-11-27
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်နယ်မြေထဲက ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား အယောက် ၉၀ နီးပါးအပါအဝင် စုစုပေါင်းအယောက် ၁၂၀ ကို ဖမ်းမိခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။
2023-11-27
၂၀၁၇ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားချိန်ကလည်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ဟာ နယ်စပ်ဒေသ တစ်လျှောက်မှာ ကျည်အစစ်တွေ သုံးပြီး အခုလို စစ်ရေး လေ့ကျင့်မှုတွေကို လုပ်ခဲ့ပါတယ်။
2023-11-27
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နောက်တစ်ဆင့်တက်ပြီး နိုင်ငံတစ်ဝန်းမှာ အကောင်အထည်ဖော်တော့မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2023-11-27
ဆောမြို့နယ် ပန်းဆန်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ဆရာတော်တစ်ပါးနဲ့ ဒေသခံ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-11-27
ဒေသခံငါးရာကျော်ဟာ တောတောင်တွေထဲ ဖြစ်သလိုနေကြရပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သီပေါကိုရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
2023-11-27
ပုလဲမြို့နယ် ကန့်ဒေါင့်ရွာမှာရှိတဲ့ ရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်ကစလို့ PDF ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ တစ်သောင်းခွဲကျော် ထွက်ပြေးနေရပါတယ်။