မတ္တရာမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုသိမ်းပိုက်ခဲ့ဟု NUG ကြေညာ

RFA Burmese
2023.11.27
မတ္တရာမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုသိမ်းပိုက်ခဲ့ဟု NUG ကြေညာ မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုအား TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ သိမ်းဆည်းပြီး ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားများနှင့် လက်နက်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Ministry of Defence-NUG

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတစ်ခုကို နိုဝင်ဘာ ၂၇ ရက်နေ့ မနေ့မနက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး သိမ်းပိုက်လိုက်တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

မနက် ၈ နာရီမှာစတင်တဲ့ အဲဒီတိုက်ပွဲဟာ မနက် ၁ဝ နာရီခွဲမှာ ပြီးဆုံးကြောင်း၊ တိုက်ပွဲအတွင်း ကျဆုံးတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးရဲ့အလောင်းတွေကိုတွေ့ခဲ့ရပြီး တခြားစစ်ကောင်စီတပ်သားလေးဦးကို အသက်ရှင်လျှက် ဖမ်းဆီးရရှိခဲ့ကြောင်းနဲ့ တစ်ဆက်တည်းမှာပဲ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ခဲယမ်းအမြောက်အများကို အဲဒီတိုက်ပွဲကနေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဖက်က တုန့်ပြန်ချက်ကိုလည်း လတ်တလော မသိရှိရသေးပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်း ကောလင်းနဲ့ ခါမ်းပါတ်မြို့တွေကို သိမ်းယူထားပြီးနောက် စစ်ကောင်စီတပ်နဲ့ နေ့တိုင်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ တစ်လအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော် နဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။