သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-26
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ နိုဝင်ဘာလ ဒီကနေ့ (၂၆) ရက်နေ့ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး၊ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထားနဲ့၊ ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးအရေး သွားရောက်ဖြေရှင်းတဲ့ ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
2014-11-26
နိုဝင်ဘာလ ၂၅ ရက်နေ့က ကျရောက်တဲ့ “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
2014-11-26
နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာတဲ့အခါမှာ တင်ပြနိုင်ဖို့ အတွက် နိုင်ငံရေး ပါတီ ၅၆ ပါတီက ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တခုကို အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
2014-11-26
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သူ မခက်မာက စီစဉ်တင်ဆက်ထားပါတယ်။
2014-11-26
နိုင်ငံရေးပါတီ ၉ ပါတီက အဖွဲ့ဝင်တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် မန္တလေးမြို့မှာ နိုင်ဝင်ဘာလ ၂၆ ရက်နေ့က စီတန်းလှည့်လည်ပြီး ဟောပြောပွဲပြုလုပ်ခဲ့ကြပါတယ်။
2014-11-26
နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ တင်ပြနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေး ပွဲမူဘောင်တစ်ခုကို နိုင်ငံရေးပါတီ ၅၆ ပါတီက လက်ခံသဘောတူလိုက်ကြပါတယ်။
2014-11-26
မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီ ၉ ခုက ပါတီဝင် ၂၀၀ ကျော်ဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ မန္တလေးမြို့ ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဟောပြောပွဲ ကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။
2014-11-26
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးအတွက် မြန်မာသံရုံးက ထိုင်း ဘတ်ငွေ နှစ်သန်းတင်ပြီး အာမခံရဖို့ ဒီကနေ့တင်ပြရာမှာ Koh Samuei ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။
2014-11-26
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြု တက်ရောက်မယ့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးရဲ့ အမည်ကို မနက်ဖြန်ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
2014-11-26
ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထား ပြီးဖြစ်တဲ့ ဥပဒေတွေအတွက် အစိုးရဘက် က နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစဉ်းကမ်းတွေ ကို ထုတ်ပြန်နိုင်ခြင်းမရှိတာဟာ ပြည်သူတွေက လွှတ်တော် နဲ့ အစိုးရအဖွဲ့အပေါ် ယုံကြည်မှုကျဆင်းသွားနိုင်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်။
2014-11-26
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး အပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ထွက်လာမယ့် နိုင်ငံရေး သဘောတူညီချက်တွေကို ထင်ဟပ်တဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေးဖြစ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-11-26
တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ကို ရွေးကောက်တင်မြှောက်တဲ့အခါ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက် ညီကြောင်း လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ပြောပါတယ်။
2014-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၇၀ နဲ့ မနက်ဖြန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
2014-11-25
ပြီးခဲ့တဲ့ အာဆီယံ ဆွေးနွေးပွဲ အတွင်း တောင်တရုတ် ပင်လယ်ပြင်ရေပိုင် နက်အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်ပြီး၊ ဒေသတွင်း တင်းမာမှုတွေ လျော့ပါးသွားအောင် မြန်မာနိုင်ငံက အလှည့်ကျအာဆီယံ ဥက္ကဌအနေနဲ့ အဓိကအခန်းက ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြန်ကြားရေးဌာနဝန်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း Channel News Asia သတင်းက ဖေါ်ပြပါတယ်။
2014-11-25
အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် မှုကြောင့် သေဆုံးခဲ့တဲ့ KIA စစ်သင်တန်းကျောင်းက ဗိုလ်လောင်း ၂၃ ဦးအတွက် ဝမ်းနည်းတဲ့ အထိမ်း အမှတ်အဖြစ် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် မြို့တော်ခန်းမရှေ့၊ လွတ်လပ်ရေးကျောက်တိုင်မှာ ဆုတောင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။