နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပါတီ ၅၆ ခုလုံး သဘောတူညီ
2014.11.26

နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ တင်ပြနိုင် ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တစ်ခု ကို နိုင်ငံရေးပါတီ ၅၆ ပါတီက လက်ခံသဘောတူ လိုက်ကြပါတယ်။
ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေးပါတီ ၅၆ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ရှင်းပြခဲ့ တာဖြစ်ပါတယ်။ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က အခုလို သဘောတူညီချက် တစ်ခုရအောင် ကြိုးစားခဲ့တဲ့အကြောင်း အခုလို ရှင်းပြပါတယ်။
"အခု ကျနော်တို့ ၈ ကြိမ် ၉ ကြိမ်လောက် ကျနော်တို့ အကျေအလည်ဆွေးနွေးပြီး ရေး ဆွဲလာတဲ့ မူဘောင်ကို မနေ့ကရယ် ဒီနေ့ရယ် ကျနော်တို့ ချပြလိုက်ပါတယ်၊ ဒီနေ့ အတည်ပြုချက် ရတာပေါ့"
၅၆ ပါတီရဲ့မူဘောင်ကို အများသိနိုင်အောင်ချပြသွားမှာဖြစ်ပြီး တခြားနိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေရဲ့ မူဘောင်တွေထွက်ပေါ်လာတဲ့အခါမှာလည်း တစ်ခုတည်းဖြစ်အောင် ညှိနှိုင်းသွားမယ်လို့ ဦးဇိုဇမ်က ပြောပါတယ်။
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးအပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ တင်ပြနိုင်ဖို့အတွက် နိုင်ငံရေးသဘောတူညီချက်ကိုနိုင်ငံရေးပါတီတွေက ကြိုတင်ညှိနှိုင်းရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီ ၅၆ ပါတီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီကို ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း NBF၊ ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီတွေက ကိုယ်စားလှယ် ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။