သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-25
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က လုပ်ကိုင်နေတဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံနားက ကျေးရွာတွေမှာ ရေတွေမဲနက်လာတာ၊ ငါးတွေ သေဆုံးတာတွေကြောင့် စက်ရုံအနီးပတ်ဝန်းကျင်က ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2019-10-25
ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး မဲပေးဖို့ စည်းရုံးခဲ့တဲ့ NLD ပါတီဟာ လာမယ့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်ရဲ့ လုပ်နိုင်စွမ်းနဲ့၊ အရည်အချင်းတွေကို အဓိကထားပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တော့မယ်လို့ ပြောလာပါပြီ။
2019-10-25
တပ်မတော်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေမယ်ဆိုရင် မဟာမိတ်ညီနောင်တွေနဲ့ လက်တွဲပြီး လုပ်သင့်လုပ်ထိုက်တာတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
2019-10-25
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို တရားစွဲထားတဲ့အမှုမှာ စွပ်စွဲချက်ခံသူတွေရဲ့ ရှေ့နေကတင်ပြတဲ့ အမျိုးသားစာပေဆုရ စာရေးဆရာ ဦးမောင်မောင်စိုးရဲ့ မြောက်ဦးစစ်တမ်း စာအုပ်ကို သက်သေခံအဖြစ်တင်သွင်းခဲ့ပါတယ်။
2019-10-25
ကန်ဒေါ်လာ သန်းချီဝင်ငွေရှာပေးနေတဲ့ တရုတ်-မြန်မာ ပိုက်လိုင်းဖြတ်သန်းရာဒေသတချို့မှာ တရုတ်ကုမ္ပဏီဖက်က လူမှုရေးအကျိုးပြုလုပ်ငန်းတွေ လုပ်နေပေမယ့်၊ တကယ်ထိရောက်တဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ ဒေသခံတွေက ထုတ်ဖော်ပြောဆိုလာကြပါတယ်။
2019-10-25
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပြီးဖို့မလွယ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်းဆချက်ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေကတော့ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပါတီတာဝန်ရှိသူတွေက ပြောကြပါတယ်။
2019-10-25
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီမကို မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူမိတဲ့ ခြောက်ဦးကိစ္စနဲ့ ဆက်စပ်နေလို့ ဖမ်းဆီးရတာဖြစ်ပြီးတေ့ာ၊ ယောက်ဖဖြစ်သူကိုလည်း ထိုင်းဘက်က ပြည်နှဏ်ဒဏ်ပေးလို့ ဖမ်းဆီးရတာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2019-10-25
ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေက မန်နောင်ကျေးရွာတဝိုက် တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေပြီး မူဆယ်-လားရှိုးအဝေးပြေးလမ်းမှာ သုံးနာရီကျော်လောက် သွားလာမှုတွေ ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။
2019-10-25
မြစ်ဆုံစီမံကိန်းရပ်စဲရေးအတွက် ထာဝရတားဝရမ်းထုတ်ပေးဖို့ အလုပ်သမားအခွင့်ရေးဆိုင်ရာ အကြံပေး အထက်တန်းရှေ့နေ ဦးဖိုးဖြူနဲ့ မြစ်ဆုံဒေသခံ အယောက်သုံးရာကျော် ဒီကနေ့ မြစ်ကြီးနား တရားရုံးသို့ လာရောက်ပြီးတော့ အမှုဖွင့်ပေးဖို့ လာရောက်လျှောက်ထားခဲ့ကြပါတယ်။
2019-10-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အချုပ်သားတွေပါဝင်တဲ့ ရဲယာဉ်တန်း မနေ့ညနေပိုင်းက မိုင်းဆွဲ တိုက်ခိုက် ခံရတာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-10-25
မော်တော်ယာဉ်တွေ လက်ရှိပိုင်ရှင်အမည်ပေါက်ကို ၂၀၂၀ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားပြီး မဖြစ်မနေပြောင်းဖို့ ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
2019-10-24
ဒီတစ်ပတ်မှာတော့ မကွေးတိုင်း၊ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-10-24
ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေနဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ရဲ့နယ်မြေ အငြင်းပွားပြီး ပစ်ခတ်မှုတွေ ဖြစ်နေတာသုံးကြိမ်ရှိပါပြီ။ ဒီအဖွဲ့နှစ်ဖွဲ့လုံးဟာ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်နေပါတယ်။ ဒီပြဿနာဟာ NCA စာချုပ်ပါအားနည်းချက်ကြောင့်ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2019-10-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ဆေးရုံကို တပ်မတော်က ဒီနေ့ ဝင်ရောက်မှတ်တမ်းယူခဲ့သလို တိမ်ညိုကျေးရွာ အထက်တန်းကျောင်းမှာ တပ်မတော်က စခန်းချနေတာကြောင့် ဒီနေ့ကျောင်းကို ပိတ်ထားလိုက်ရပါတယ်။
2019-10-24
ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ အရေးယူပေးဖို့ ရခိုင့်တပ်တော် AA က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေကို အောက်တိုဘာ ၂၂ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။