ကရင်ပြည်နယ်က အရောင်ပြောင်းလာတဲ့ ရေများ


2019.10.25

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က လုပ်ကိုင်နေတဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံနားက ကျေးရွာတွေမှာ ရေတွေမဲနက်လာတာ၊ ငါးတွေ သေဆုံးတာတွေကြောင့် စက်ရုံအနီးပတ်ဝန်းကျင်က ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ အန္တရာယ် မရှိဘူးဆိုပြီး သူကိုယ်တိုင် အဲဒီရေတွေကိုသောက်ပြခဲ့ပါတယ်။ ဒေသခံတွေကတော့ စိတ်မချလို့ ရေတွေကို ဓာတ်ခွဲစမ်းသပ်ခန်းကို ပို့ပြီး စစ်ဆေးဖို့ အကူအညီတောင်းထားကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

(ရိုက်ကူး/တင်ဆက်- ဇာဏီထွဏ်း)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။