သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-01
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က သဖန်းကျေးရွာကလေးဟာ တရွာလုံး အထည်ချုပ်လုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုတဲ့ ကျေးရွာကလေးဖြစ်ပါတယ်။
2017-05-01
ထိုင်းနိုင်ငံ မဟာချိုင်မှာ မုန့်မျိုးစုံထုတ်လုပ်တဲ့ Variety Foods စက်ရုံကနေ မြန်မာအလုပ်သမား ၇၁ ယောက်ဟာ အလုပ်ရှင်က ပုတ်ပြတ် စနစ်နဲ့ လုပ်အား ခရှင်းနေရာကနေ စာချုပ်မှာပါတဲ့အတိုင်း နေ့စားနဲ့သာ လုပ်အားခရှင်းပေး ဖို့ တောင်းဆိုတဲ့အတွက် အလုပ်ရှင်က အလုပ်ထုတ်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ခဲ့ပါတယ်။
2017-05-01
၂ဝ၁၇ မေလ (၁) ရက်နေ့ ဒီကနေ့ကျရောက်တဲ့ ၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မ လမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတဦးထင်ကျော်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
2017-05-01
NLD ပါတီအမတ်တွေအများစုရှိတဲ့ လွှတ်တော်သက်တမ်းဟာ အခုဆိုရင် (၁) နှစ်ကျော်ရှိနေပြီ ဖြစ်ပေ မယ့် ပြည်သူအသံကိုနားထောင်ပြီး ကိုယ်စားပြုတဲ့ ဆွေးနွေးမှုမျိုးတွေနဲ့ အစိုးရကို အပြန်အလှန် ထိန်းကျောင်းပေးဖို့တွေမှာလည်း အားနည်းတာတွေ တွေ့ရတယ်လို့ ဝေဖန်ကြတာတွေရှိပါတယ်။
2017-05-01
အရင် မကွေးတိုင်းအစိုးရလက်ထက်က ကောက်ခံထားတဲ့ ရန်ပုံငွေ ကျပ်ငွေသန်းပေါင်း ၇ ထောင် ကျော်ထဲက သန်း ၁ ထောင့် ၇ ရာကျော်ကို ပြန်ပြီးလွှဲပြောင်းပေးဖို့ တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေက ကတိပြုခဲ့ပြီးနောက်၊ လက်ရှိတိုင်းအစိုးရအဖွဲ့ကို ကားနဲ့စက်ကိရိယာ ပစ္စည်းတချို့ လာရောက်ပေးအပ်ခဲ့ပါတယ်။
2017-05-01
မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေကို ပိုမိုနားလည်အောင်ကြိုးစားပြီး အခွင့်အရေးရအောင်ယူကြဖို့နဲ့ အလုပ် သမားတွေရဲ့ နစ်နာချက်တွေ လိုအပ်ချက်တွေအတွက် လွှတ်တော်မှာဖွဲ့စည်းထား တဲ့ အလုပ်သမားရေးရာကော်မတီကို အကြံပြုကြပါလို့ အမျိုးသား လွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေး ရာကော်မတီဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
2017-05-01
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သံတမန်ရေး ကူညီဖြေရှင်းပေးလိုကြောင်း တရုတ်နိုင်ငံက ကမ်းလှမ်းထားတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေးသားလိုက်ပါတယ်။
2017-05-01
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLAနဲ့ အစိုးရစစ်တပ်တို့ ဒီလကုန်ပိုင်းလောက်က နှစ်ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်းဘက်မှာ တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွား ခဲ့တယ်လို့ TNLA က ပြောပါတယ်။
2017-05-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ ဘယ်လ်ဂျီ ယံနိုင်ငံ ဘရပ်ဆဲမြို့ကို ရောက်ရှိပြီး မနက်ဖြန်မှာ ဘယ်လ်ဂျီယံနိုင်ငံဘုရင်နဲ့ ဝန်ကြီးချုပ်တို့ နဲ့ တွေ့ဆုံမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျ က ပြောပါတယ်။
2017-05-01
ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ် မှာရှိတဲ့ အစ္စလာမ်ဘာသာရေးစာ သင်ကျောင်းနှစ်ကျောင်း ချိပ်ပိတ်ခံရတဲ့ ဖြစ် စဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကဆောင် ရွက်တာမဟုတ်ဘဲ တိုင်းဒေသကြီး အစိုးရကဆောင်ရွက် တာဖြစ်တယ်လို့ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကပြောပါတယ်။
2017-05-01
ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့နယ်ထဲက နားမခေါ်ကျေးရွာမှာ မနေ့ညနေပိုင်း က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေ အိမ်နဲ့ စာသင်ကျောင်း အဆောက်အဦးတချို့ ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။
2017-05-01
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးလုပ်သား ထက် ဝက်လောက်ဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေ ထဲ ရောက်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2017-05-01
ကရင်ပြည်နယ် မြဝတီမြို့မှာ အိမ်သုံးလျှပ် စစ်မီတာတွေကို လုပ်ငန်းသုံးမီတာဈေးနဲ့ တိုးမြှင့်ကောက်ခံနေတာကြောင့် မီတာ ခတွေလျှော့ချပေးဖို့ မြိုခံ ၂၀၀ကျော်က ဒီနေမနက်ပိုင်းက မြို့ပေါ်မှာလမ်းလျှောက်ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။