မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သံတမန်ရေး တရုတ်ကမ်းလှမ်းမှု တင်ပြချက်
2017.05.01
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သံတမန်ရေး ကူညီဖြေရှင်းပေးလိုကြောင်း တရုတ်နိုင်ငံက ကမ်းလှမ်းထားတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေးသားလိုက်ပါတယ်။ တရုတ်အစိုးရက အဲဒီလို ကြားခံကူညီဆောင်ရွက်ပေးလို့ ဖြစ်နိုင်သလား ဆိုတာ လေ့လာသူတချို့ရဲ့ အမြင်ကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။