ထိုင်းနိုင်ငံ စက်ရုံကအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေအကြောင်း
2017.05.01
ထိုင်းနိုင်ငံ မဟာချိုင်မှာ မုန့်မျိုးစုံထုတ်လုပ်တဲ့ Variety Foods စက်ရုံကနေ မြန်မာအလုပ်သမား ၇၁ ယောက်ဟာ အလုပ်ရှင်က ပုတ်ပြတ် စနစ်နဲ့ လုပ်အား ခရှင်းနေရာကနေ စာချုပ်မှာပါတဲ့အတိုင်း နေ့စားနဲ့သာ လုပ်အားခရှင်းပေးဖို့ တောင်းဆိုတဲ့အတွက် အလုပ်ရှင်က အလုပ်ထုတ်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက သွားရောက်ဖြေရှင်းပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံကို မပြန်ရပေမယ့် အလုပ်ကတော့ အထုတ်ခံလိုက်ရတယ်လို့ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား မနွေးနွေးက ပြောပါတယ်။
မနွေးနွေးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။