သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-01
ကိုးကန့်တပ်ဖွဲ့အနေနဲ့ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကြားရှင်ရဲ့ ဈာပန ရှိနေတာကြောင့် စစ်ရေးကိစ္စတွေကို ရပ်ဆိုင်း ထားပေမဲ့ စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် ပြန်လည်ခုခံခဲ့ရတယ်လို့ ဆိုပါတယ်။
2022-03-01
"မြောင်ခင်ရမ်း ဘူတာလမ်းကနေ စစ်ကြောင်း ဝင်လာတယ်။ ရွှေဘိုရွာသစ်အနောက်ရွာနဲ့ ရွှေဘို ရွာကြားမှာနေတဲ့ ကလေး ငါးယောက်ကို ပဲရိုးပုံပေါ်မှာ အရှင်လတ်လတ် မီးရှို့သတ်သွားတယ်" လို့ ရွှေဘိုရွာသား တစ်ဦးက ပြောပါတယ်။
2022-03-01
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို အပြည်အပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားတဲ့ကိစ္စ ဒုတိယမြောက် ကြားနာစစ်ဆေးမှုတွေဟာ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
2022-03-01
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွရွာမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သားအမိ သုံးယောက်ဟာ သူတို့အသတ်မခံရခင် စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေက RFA ကို မနေ့က ပြောပါတယ်။
2022-03-01
အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတရဲ့ အထူးထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ ဒီလ ၂၈ ရက်နဲ့ ၂၉ ရက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ အိမ်ဖြူတော်က မနေ့က ကြေညာပါတယ်။
2022-03-01
မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၂၈ ခုကို Burma Campaign UK အဖွဲ့က အမည်ပျက် စာရင်းထဲ တိုးချဲ့သတ်မှတ်လိုက်ပါတယ်။
2022-03-01
စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာတော့မယ့် အကြောင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
2022-03-01
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာဟာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့က စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်စီးပြီးတဲ့နောက် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရသလို အရပ်သား နှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-01
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်က အထူးတရားရုံးမှာ မတ်လ ၁ ရက် ဒီနေ့ ရုံးချိန်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အရာရှိရဲ့ စွပ်စွဲချက်တွေကို ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက ပယ်ချခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-03-01
ပူတာအိုမြို့နယ် အင်စီယာန်နဲ့ ဆွမ်ပီယာန်ရွာကြားမှာ မတ်လ ၁ ရက်နေ့မှာ ဂျက်တိုက်လေယာဉ် နှစ်စင်းက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2022-03-01
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သုံးလကျော်အတွင်း ပညာရေးဝန်ထမ်း ၁၆၀ နီးပါးနဲ့ ကျန်းမာရေး၀န်ထမ်းတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုထဲ ပါဝင်လာကြတယ်လို့ ရေစကြိုပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
2022-03-01
NLD နာယက သူရ ဦးတင်ဦးဟာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ရန်ကုန် ပြည်သူ့ဆေးရုံသစ်မှာ ဆေးကုသခံခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆေးရုံကနေ ဆင်းခဲ့ပါတယ်။
2022-03-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်ဌေး တို့ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ နဲ့ စွပ်စွဲကာ အမှုဖွင့်ခံထားရပါတယ်။