သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-01
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အခြေစိုက်တဲ့ Save the Trees Rescue အဖွဲ့ဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အခက်အခဲကြုံနေရတဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဆေးကုသမှုနဲ့ စားသောက်နေထိုင်ရေးတွေ အကူအညီပေးနေပါတယ်။
2022-11-01
CDM မှာ အစောဆုံး ပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တဲ့အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ကို တစ်နှစ်တိတိ ရုပ်သိမ်းလိုက်တယ်လို့ CDM ဆရာဝန် အသိုက်အဝန်းက RFA ကို ပြောပါတယ်။
2022-11-01
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ နှစ်ရာကျော်ရှိပြီး အဲဒီအထဲက တစ်ရာကျော်ကတော့ အခုအထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ တချို့လည်း အမှုဖွင့်ခံထားရသလို အခုအချိန်ထိ သတင်းအစအနမရ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2022-11-01
ပြည်အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံထားရသူတွေထဲက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ ၃၀ နီးပါးရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
2022-11-01
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီစိရွာမှာ အောက်တိုဘာလ ၃၁ ရက် မနေ့ညက နေအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ဈတာကြောင့် မိသားစု၀င်သုံးဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-01
နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေကို ဘဏ်စနစ်နဲ့ဆောင်ရွက်သွားရေး ကနဦးအဆင့်အနေနဲ့ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ စတင်ကျင့်သုံးမယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာ ၃၁ ရက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
2022-11-01
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဒိုးနွယ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ အောက်တိုဘာ ၃၁ ရက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်က ဒိုးနွယ်ရွာကို ဝင်ရောက်စီးနင်းထားပြီး အရပ်သား ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
2022-11-01
အဲဒီစက်လှေဟာ အဲဒီကတုံးလေးရွာအနီးမှာ သောင်တင်ပြီး နစ်မြုပ်သွားတာကြောင့် လှေပေါ်ပါလာသူ ၆၀ ခန့်ကိုပဲ ကယ်တင်နိုင်ခဲ့ပြီး ကျန်တာတွေ ပျောက်ဆုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-11-01
ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်ထဲမှာ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ကြိုးပေးကွပ်မျက်ခံရသူတွေအတွက် သုံးလပြည့်ဆွမ်းကပ်တာနဲ့ မီးပိတ်သပိတ်မှာ ပါဝင်တာကြောင့် နိုင်ငံအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-11-01
ဒေသခံတွေဟာ တောတိုက်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပြီး အချိန်မီဆေးကုသမှုမရလို့ အသက်သေဆုံးခဲ့တာတွေလည်းရှိတယ်လို့ ဝက်လက်ဒေသခံတွေက ပြောပါတယ်။
2022-11-01
စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း ကယားပြည်နယ်မှာ အရပ်သား လေးရာဝန်းကျင် သေဆုံးခဲ့ပြီး ၂၈၀ ဦး အဖမ်းခံထားရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။