သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-05
အစိုးရက ရေးဆွဲထားတဲ့ "၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေ (မူကြမ်း)"၊ "တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး(မူကြမ်း)" တွေကို ကန့်ကွက်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။
2014-01-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် "(အခမဲ့) လူမှုကူညီရေးအသင်း" က ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ စုစုပေါင်း အင်အား ၃၀၀ ကျော်လောက်ဟာ ဒီနေ့မနက်ပိုင်း က ဧရာဝတီ မြစ်ကမ်းဘေးတစ်လျှောက် သန့်စင်ရေး အတွက် အမှိုက်ကောက်သန့်ရှင်းရေးလုပ်ငန်းကို စုပေါင်း လုပ်ဆောင်ခဲ့ကြပါတယ်။
2014-01-05
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ အပါအဝင် နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့ ဥပဒေတွေအားလုံး ဖျက်သိမ်းပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်း အပါအဝင် အရပ်ဖက်လူမှုအဖွဲ့စည်းတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။
2014-01-05
ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နဲ့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် ကြိုးပမ်းနေတာတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။
2014-01-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ မနက်ပိုင်းက တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး တဆက်တည်းမှာပဲ သူတို့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွားရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2014-01-05
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ဆန့်ကျင်တဲ့ တစ်ကိုယ်တော်ဆန္ဒပြပွဲတစ်ခု ပခုက္ကူမြို့မှာ မနေ့ကဖြစ်ပေါ်ခဲ့ပါတယ်။
2014-01-04
အိန္ဒိယ-မြန်မာနယ်စပ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဇန်နဝါရီလ ၆ ရက်နေ့ကစတင်ကာ နယ်နိမိတ်တိုင်းတာမှုတွေ ပြုလုပ် မယ်လို့ သိရပါတယ်။
2014-01-04
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်သင့်၊ မသင့်ကို NLD ပါတီနဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သဘောထားတွေဟာ ပြတ်သားမှုမရှိကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး မှာ ဖော်ပြခဲ့တဲ့ကိစ္စဟာ တစ်ဖက်သတ်စွပ်စွဲခြင်းဖြစ်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။
2014-01-04
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ကြပါတယ်၊
2014-01-04
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေးနဲ့ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့အတွက် နေပြည်တော်မှာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
2014-01-04
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ စနစ်တစ်ခုကို ထူထောင်နိုင်ဖို့ ပြည်သူတွေနဲ့အတူ တပ်မတော်က ပူးပေါင်းပါဝင်လာဖို့ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။
2014-01-04
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းက ကျေးရွာတွေဟာ ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံးရွာတွေ ဖြစ်လာတဲ့အတွက် အစိုးရက ဘိန်းခင်းတွေ ဖျက်ဆီးရေးကို အလေးထားလုပ်ကိုင်နေရပါတယ်။ ပင်လောင်းမြို့နယ်က ပအိုဝ်းလူမျိုးတွေ ဘာကြောင့် ဘိန်းကိုအဓိကထား စိုက်ပျိုးနေကြသလဲဆိုတာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2014-01-04
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ "နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်" ဖြစ်တဲ့ ပုဒ်မ ၅၉ (ဃ) နဲ့ ၅၉ (စ) တွေကို ဖျက်သိမ်းပေးဖို့ ဒီနေ့မနက်ပိုင်းက ရန်ကုန် မြို့တော်ခန်းမရှေ့မှာ လူ ၂ ရာနီးပါး ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-01-04
၂ဝ၁၃ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ဖြစ်ပေါ်တိုးတက်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-01-04
သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။