သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-06
ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးကျတာကြောင့် ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းက မြို့နယ် ၆ ခုမှာ ကျပ်သိန်းပေါင်း ၄၆ဝဝ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2018-09-06
မန္တလေးမြို့မှာ “ကုလသမဂ္ဂ UN အလိုမရှိ၊ NLD အစိုးရ အယုံအကြည်မရှိ၊ ခိုးဝင်ဘင်္ဂါလီသာ ရှိတယ် ရိုဟင်ဂျာဆိုတာမရှိ၊ မြန်မာ့သမိုင်းကို သွေးနဲ့ဆေးမယ်” ဆိုတဲ့ ရေးသားချက်ပါ စာရွက်တွေ ကပ်ခဲ့တာနဲ့ပတ်သက်လို့ အာဏာပိုင်တွေက စုံစမ်းနေဆဲပဲလို့ သိရပါတယ်။
2018-09-06
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ နောင်တရားမြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကနေ စွန့်ပစ်တဲ့ ကျောက်မီးသွေးပြာတွေကြောင့် ဒေသခံလူထုအတွက် ကျန်းမာရေးအန္တရာယ် ကျရောက်နေတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့တွေက ပြောပါတယ်။
2018-09-06
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ နောင်တရားမြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံကနေ စွန့်ပစ်တဲ့ ကျောက်မီးသွေးပြာတွေကြောင့် ဒေသအတွင်းမှာ ရေထုနဲ့ လေထုညစ်ညမ်းမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စံသတ်မှတ်ချက်တွေထက် ကျော်လွန်နေပြီး အန္တရာယ်ရှိတဲ့ အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။
2018-09-06
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်တာကြောင့် လေးကြိမ်မြောက် ရေထပ် ကြီးနေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုမှာလည်း ရေဘေးဒုက္ခသည် ၈၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ သိရပါတယ်။
2018-09-06
ရခိုင်ပြည်နယ်မှာ ရေချိုခရုကနေတဆင့် ကူးစက်ပြီး လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ်တဲ့ Schistosomiasis (ရှစ်စ်တိုဆိုမိုင်ယားစစ် ) လို့ခေါ်တဲ့ ရောဂါဖြစ်ပွားသူထပ်တိုးလာတာကြောင့် လက်ရှိမှာ ဖြစ်ပွားသူ စုစုပေါင်း အယောက် ၄၀၀ ကျော်နေပြီဖြစ်ပါတယ်။
2018-09-06
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဖိအားပေးနေပေမယ့် ကနေဒါနိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ သံတမန်ရေးအရ ဆက်လက် ဆက်ဆံသွားမှာဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံးက ပြောကြားလိုက်ပါတယ်။
2018-09-06
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ တရားစွဲခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဗိုလ်တထောင်မြို့နယ် တရားသူကြီးက စွဲချက်တင် အမိန့်ချမှတ်လိုက်ပါတယ်။
2018-09-06
အင်တာနက် လူမှုကွန်ရက်ခေတ်မှာ လူငယ်တွေ စာပိုဖတ်ကြဖို့ တွန်းအားပေးတဲ့၊ ကိုယ့်အားကိုယ်ကိုး ပြဿနာတွေကို ကိုယ်တိုင်ကြည့်မြင်ရှာဖွေ ဆွေးနွေးဖြေရှင်းတဲ့ စာကြည့်တိုက်အခြေပြု ပညာရေးစနစ်ဆီ လမ်းခင်းပေးနိုင်ဖို့အတွက် စာအုပ်ထုတ်ဝေသူတွေနဲ့ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေ အရေးကြီးတဲ့အကြောင်း RFA ဝိုင်းတော်သား ဦးသစ်ဆင်းက စုစည်းတင်ပြထားပါတယ်။
2018-09-05
လူမျိုးတုံးရှင်းလင်းမှုတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့ကိစ္စမှာ မြန်မာနိုင်ငံကို တရုတ်အစိုးရရင်ခွင်ထဲ ပိုပြီး တွန်းထည့်လိုက်သလို ဖြစ်မှာကို အနောက်နိုင်ငံတွေက ရှောင်ကျဉ်လိုကြတယ်လို့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက မားရီဟိဘာ့တ် (Murray Hiebert ) က ပြောလိုက်ပါတယ်။
2018-09-05
မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်တွေက ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည် ထူထောင်ရေးတွေ စတင်နေပြီဖြစ်ပေမဲ့ တချို့နေရာတွေမှာတော့ ရေဘေးဒဏ်ခံနေရဆဲဖြစ်ပြီး အကူအညီတွေ လိုအပ်နေပါတယ်။
2018-09-05
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း လက်နက်ကိုင်မဟာမိတ်တွေဖြစ်တဲ့ TNLA တအာင်းပလောင်အဖွဲ့၊ AA ရက္ခိုင်အဖွဲ့၊ MNDAA ကိုးကန့်..စတဲ့ အဖွဲ့သုံးဖွဲ့က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးခဲ့ကြပါတယ်။
2018-09-05
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ကနေ စတင်ခဲ့တဲ့ ရေထုညစ်ညမ်းမှုတွေဟာ မြေပုံ၊ အမ်း စတဲ့ မြို့နယ်တွေအထိ ပျံ့နှံ့လာတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ အကြောင်းရင်းကို တိတိကျကျ လေ့လာဆန်းစစ်ဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းနေကြပါတယ်။
2018-09-05
ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့အပေါ် ပြည်တွင်းပြည်ပမှာ ဝေဖန်မှုတွေရှိနေတာကြောင့် ဒီအမှုကို ရှုထောင့်ပေါင်းစုံကနေ စဉ်းစားဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
2018-09-05
ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA, AAနဲ့ MNDAA အဖွဲ့သုံးဖွဲ့ တွေ့ဆုံပွဲကို ဒီကနေ့မနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အသိသက်သေအနေနဲ့ KIO နဲ့ UWSA အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။