ကနေဒါက မြန်မာအစိုးရနဲ့ သံတမန်ရေး ပူးပေါင်းမှု ဆက်လက်ထိန်းသိမ်းမည်


2018.09.06
dassk-canada-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့ ကနေဒါနိုင်ငံ အော့တဝါမြို့မှာ ၂၀၁၇ ဇွန်လ ၇ ရက်နေ့က တွေ့ဆုံစဉ်
Photo: Lars Hagberg / AFP

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဖိအားပေးနေပေမယ့် ကနေဒါနိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ သံတမန်ရေးအရ ဆက်လက်ဆက်ဆံသွား မှာဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက ထိခိုက်နစ်နာတဲ့ ပြည်သူလူထုအကျိုးအတွက် ကနေဒါနိုင်ငံအနေနဲ့ ထိရောက်တဲ့ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်ပြီထိန်းသိမ်းရမှာ ဖြစ်ကြောင်း၊ ဒီလိုဆက်ဆံရေးထားရှိခြင်းကသာ ရခိုင်ပြည် နယ်မြောက်ပိုင်းက နစ်နာနေတဲ့ ဒေသခံတွေအတွက် လုံခြုံရေးအတွက် အထောက်အကူပြုမှာဖြစ်သလို၊ ပြန်လည် လက်ခံရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုက်တွန်းကူညီနိုင်မှာဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံး က ပြန်ကြားရေးအရာရှိက မနေ့က ကနေဒါနိုင်ငံမှာ ထုတ်ဝေတဲ့ Huffington Post သတင်းစာကို ဖြေကြားခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားတဦးဖြစ်ပြီး ရခိုင်မြောက်ပိုင်းအရေးမှာ တစုံတရာ ဝင်ရောက်ပြောဆိုခြင်းမရှိခဲ့တဲ့အတွက် နိုင်ငံတကာက ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ သတင်းစာက ကနေဒါနိုင်ငံရဲ့ သဘောထားကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။