သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-02
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုမှာ မနေ့ညက လေပြင်းတိုက်ခတ်ခဲ့ တာကြောင့် ကျေးရွာ ၅ ရွာလောက်က နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
2018-04-02
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မုဌောကျေးရွာက ရှင်ပြုအလှူတစ်ခုမှာ အစာအဆိပ်သင့်တာကြောင့် လူဦးရေ ၁၀၀ ကျော် ဆေးကုသမှုခံယူနေရပါတယ်။
2018-04-02
ကချင်ပြည်နယ်က ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသမြို့နယ်တွေအတွက် အစိုးရဝန်ထမ်း ရွေးချယ် တဲ့အခါမှာ ဒေသခံပုဂ္ဂိုလ်တွေကို အထူးဦးစားပေးရွေးချယ်ခန့်ထားပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အဆိုကို ဒီကနေ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2018-04-02
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပခင် ဆောင်ရွက်မယ့် လူထုတွေ့ဆုံပွဲကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ ငြိမ်းချမ်းရေးကော်မရှင်၊ မွန်ပြည်နယ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီကြား တွေ့ ဆုံဆွေးနွေးရာမှာ ပြေလည်မှု မရရှိခဲ့ဘူးလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
2018-04-02
“ရှစ်လေးလုံးပါတီ” အမည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီဟာ ပါတီနာမည် ပြောင်းလဲသွားမယ့်အကြောင်း ဧပြီလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-04-02
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် က မြောင်းမြကြိုးတံတားဟာ ခံနိုင်ဝန် အားနည်းနေပြီး ဒီနေ့မနက် ၁ နာရီကျော်မှာ ကြိုးတွေပြတ်ကျခဲ့တာကြောင့် ကုန်တင်ကား တစ်စီး ပြုတ်ကျပြီး ယာဉ်ပေါ်မှာပါတဲ့ လူ ၂ ယောက် ပျောက်ဆုံးနေပါတယ်။
2018-04-02
နှစ်နှစ်သား NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာချိန်မှာ ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ စာတန်းထိုးဖော်ပြ တဲ့ မြန်မာစာအရေးအသားတွေနဲ့ ပရိသတ်က ယဉ်ပါးနေချိန်ဖြစ်နေပါတယ်။
2018-04-02
မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေကို ပြည်တွင်းအင်အား နဲ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာချထားပြီး၊ အပြောင်းအလဲကာလကို ဖြတ်သန်းနေစဉ်အတွင်း နိုင်ငံသားတွေ ညီညွတ်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2018-04-01
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သြင်္ကန်ကာလအတွင်း နေရပ်ပြန်ကြတဲ့အခါ လိုက်နာရမယ့် အချက်တချို့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်လိုက်ပါတယ်။
2018-04-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံ ကို နေပြည်တော်က မြန်မာကွန်ဗင်းရှင်းစင်တာ ၂ မှာ လာမယ့် ဧပြီလ ၇ ရက်နေ့မှာကျင်းပမယ်လို့ NLD လူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီက ကြေညာလိုက်ပါတယ်။
2018-04-01
အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာနှုန်းထားအပြင် သီးခြားခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး အလုပ်သမား ၅၀ လောက်က ဒီနေ့ မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ တောင်းဆိုခဲ့ပါတယ်။
2018-04-01
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ လက်ရှိ တရားစွဲဆိုခံထားရတဲ့ အမှုတွေကို ခြွင်းချက်မရှိ ရုပ်သိမ်းပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2018-04-01
၈၈ မျိုးဆက်ကျောင်းသားတွေအများစုပါဝင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ "ရှစ်လေးလုံးပါတီ" ကို "ရှစ်လေးလုံးပြည်သူ့ပါတီ" နာမည်နဲ့ ပြောင်းလဲမှတ်ပုံတင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-04-01
ဒီနေ့ မနက် ၁ နာရီကျော်လောက်မှာ ကျိုးကျခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်က မြောင်းမြ ကြိုးတံတားကို ပြန်လည်ပြင်ဆင်အသုံးပြုတော့မှာ မဟုတ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒီနေ့ ပြောပါတယ်။