မြောင်းမြကြိုးတံတားပျက်ကျမှု ဆက်သွယ်မေးမြန်းချက်
2018.04.02
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်က မြောင်းမြကြိုးတံတားဟာ ခံနိုင်ဝန်အားနည်းနေပြီး ဒီနေ့မနက် ၁ နာရီကျော်မှာ ကြိုးတွေပြတ်ကျခဲ့တာကြောင့် ကုန်တင်ကားတစ်စီး ပြုတ်ကျပြီး ယာဉ်ပေါ်မှာပါတဲ့ လူ ၂ ယောက် ပျောက်ဆုံးနေပါတယ်။ အဲဒီကြိုးတံတားကို ပြန်လည်ပြင်ဆင်အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
တိုင်းဝန်ကြီး ဦးဝင်းဌေး ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။