သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-01
ငြိမ်းချမ်းရေးအတွက် ကြိုးပမ်နေချိန်မှာ စစ်ပွဲတွေဖြစ်နေတာကို ကြောက်မှာမဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေကို ပြောဆိုလိုက်ပါတယ်။
2016-12-01
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေ မုဒိမ်းကျင့်ခံရမှုဟာ အရင်နှစ်ကထက် ၄ဝ% ပိုမိုများပြားလာတယ်လို့ မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
2016-12-01
ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေ အတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီဇင်ဘာ ၁ ရက်နေ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2016-12-01
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ဟာ စင်ကာပူနိုင်ငံ အကျင့် ပျက်လာဘ်စားမှု စုံစမ်းစစ်ဆေးရေးဌာနကို မနေ့က သွားရောက်လေ့လာခဲ့ပါတယ်။
2016-12-01
ပြည်တွင်း ပြည်ပစီးပွားရေး လုပ်ငန်းတွေ ကို ဖိတ်ခေါ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို လာမယ့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ထုတ်ပြန်သွား မှာဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပြောပါတယ်။
2016-12-01
ဂျပန်နိပွန်ဖောင်ဒေးရှင်းကနေ မြန်မာ အစိုးရကို လှူဒါန်းထားတဲ့ ကားအစီးရေ ၁၀၁ စီးမှာ ၆၁ စီးဟာ မသုံးဘဲ ပစ်ထားတဲ့ အတွက် ပျက်စီးယိုယွင်းနေတယ်လို့ သွားရောက်ကြည့်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။
2016-12-01
နိုင်ငံတော်မှာ ဘတ်ဂျက်လုံလောက်မှု မရှိတဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ တစ်ဦးချင်းစီ လက်ဖက်ရည် တစ်ခွက် လျှော့သောက်မယ့် မျှဝေခြင်းအစီအစဉ်ကို စတင်ဖို့ ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန် ကြီး ဒေါက်တာအောင်သူက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။
2016-12-01
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ စတင်ဖြစ် ပွားခဲ့ တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက် ပိုင်း မုံးကိုးမြို့နယ်၊ ဖောင်ဂျွန်းပါကျေးရွာက အရပ်သား ၇၀ လောက်ကို အစိုးရတပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ လူဦးရေ ၅၀ ကျော်ကို ဆက်လက်ထိန်း သိမ်းထားတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2016-12-01
HIV ရောဂါပိုးနဲ့ နေထိုင်သူများဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီး လွှတ်တော် ကို ပေးပို့ထားတယ်လို့ HIV ရောဂါဝေဒနာ ရှင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဖီးနစ်အဖွဲ့ ဥက္ကဌ ဦးသီဟကြိုင်က ပြောပါတယ်။
2016-12-01
သတင်းမီဒီယာသမားတွေကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ နဲ့ တရားစွဲဆိုတာတွေ များလာနေတာဟာ လွတ်လပ်စွာပြောဆို ရေး သားခွင့်ကို ထိခိုက်လာနိုင်တယ်လို့ သတင်းမီဒီယာ သမားတွေက သုံးသပ်နေကြပါတယ်။
2016-12-01
ပျဉ်းမနားမြို့က သတင်းထောက် ဦးမောင်မောင်ထွန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ နိုဝင်ဘာလ (၂၉) ရက်နေ့ မနေ့ညက ဖမ်းဆီးလိုက်ပြီး၊ ဒီနေ့ ပျဉ်းမနားမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2016-12-01
နတ်တော်လပြည့်ကျော် ၁ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့ ၉မိုင်က ရှမ်းဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပြီး လူဦးရေတစ်ထောင်ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် နှစ်သစ်ကူးပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင်ပါဘူး။
2016-12-01
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေထဲမှာ မသန်စွမ်းတဲ့၊ အားနည်းတဲ့ အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေလည်း ရှိနေပါတယ်။
2016-12-01
ထိုင်းနိုင်ငံကို ၂ နှစ်စာချုပ် နဲ့ သွားရောက်ခဲ့တဲ့ မြန်မာ အလုပ်သမား ၂၀ဦး ဟာ ၄ လသာ အလုပ် လုပ်ကိုင်ခွင့်ရခဲ့တဲ့အတွက် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီအနေနဲ့ နစ်နာကြေးပေးဖို့ဒီနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2016-12-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စင်္ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြား ချက်အရ စင်္ကာပူနိုင်ငံကို ဒီကနေ့ပဲ ချစ်ကြည်ရေးခရီးအနေနဲ့ရောက်ရှိနေပြီး မနက်ဖြန်မှာ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေနဲ့ Big box ဆိုတဲ့ခန်းမမှာ တွေ့ဆုံမှာဖြစ် ပါတယ်။