ကလေးသူငယ် မုဒိမ်းကျင့်မှု ၄ဝ% တိုးပွား


2016.12.01
child-rate-protest-620 သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်အောင် လွှတ်တော်က ဥပဒေကို ပြင်ဆင်ပြဌာန်းပေးဖို့ စစ်တွေမြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နိုဝင်ဘာလ ၁၆ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ မုဒိမ်းကျင့်ခံရမှုဟာ အရင်နှစ်ကထက် ၄ဝ% ပိုမိုများပြားလာတယ်လို့ မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်အထိ နိုင်ငံတဝှမ်း ကလေးငယ်တွေ မဖွယ်မရာ ပြုကျင့်ခံရမှု ၃၈ဝ မှု ပေါ်ပေါက် ခဲ့တဲ့အတွက် ဒါဟာပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် အလားတူကာလနဲ့ နှိုင်းစာရင် အမှု ၁၅ဝ ပိုများလာတယ်လို့ ဆိုပါတယ် ။ လေ့လာသူတွေကတော့ မြန်မာလူမျိုးတွေဟာ ဒီလိုကိစ္စတွေကို သိပ်ပြီးထုတ်ဖေါ်ပြောလေ့မရှိတဲ့အတွက် အမှန်ပကတိဖြစ်ပွားမှုဟာ အစိုးရအခုထုတ်ပြန်တဲ့ ပမာဏထက် များစွာပိုနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Bertrand Bainvel ကလည်း ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတာကို သက်ဆိုင်ရာမိသားစုတွေက ကယကံရှင်တွေရဲ့အကျိုးကို ကာကွယ်တဲ့ အနေနဲ့ မတိုင်ကြားပဲနေလေ့ရှိကြတယ်လို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ဆင်းရဲမှုနဲ့ လက်ရှိဥပဒေတွေရဲ့ အားနည်းမှုဒဏ်ကို ကလေးသူငယ်တွေက အဓိက ခံစားနေ ရကြောင်းနဲ့ ကလေးအများအပြားဟာ ပြည်တွင်းက ချမ်းသာသူတွေရဲ့အိမ်စေတွေ၊  အလုပ်သမားတွေ ဖြစ် ကုန်ကြသလို ကလေးစစ်သားအဖြစ် စုဆောင်းခိုင်းစေတာတွေကိုလည်း ကြုံနေရတယ်လို့ ဒီကနေ့ နောက်ဆုံး ရရှိတဲ့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။