စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုတိယသမ္မတ တွေ့ဆုံ
2016.12.01

ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းတွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို လာမယ့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ထုတ်ပြန်သွားမှာဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပြောပါတယ်။
ရန်ကုန်မြို့ UMFCCI ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီနေ့ ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပြောခဲ့တာဖြစ်ပါတယ်။
"စီးပွားရေးမူဝါဒရဲ့ အဓိကကျတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေကို ထုတ်ပြန်ခဲ့ပြီးဖြစ် ပါတယ်၊ မကြာခင်မှာလည်း နည်းဥပဒေတွေ အမိန့်ကြေညာစာတွေ ထုတ်ပြန်သွားမှာဖြစ်ပါတယ်၊ ဒါကတော့ ဇန်နဝါရီလ နောက်ဆုံးပတ်လောက်မှာ ဆက်လက်ပြီးထုတ်ပြန်ရမယ့်ဟာတွေ ပြီးစီးသွားမယ်လို့ သိရှိရပါတယ်"
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းတွေ ကို ဆွေးနွေးဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုသမ္မတ ခေါင်းဆောင်တဲ့အဖွဲ့တို့ လစဉ်တွေ့ဖို့ စီစဉ်ခဲ့တာဖြစ် ပါတယ်။
ဒီဆွေးနွေးပွဲမှာ တရားမဝင်ကုန်သွယ်မှုကဏ္ဍ၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စ၊ ပို့ကုန်မြှင့် တင်ရေး၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အခြေအနေတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက တရားမဝင် နယ်စပ်ကုန်သွယ်ရေးတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို အဂတိလိုက်စားမှုပပျောက်ရေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံရဲ့ ရေခံမြေခံအနေအထားကို အကျွမ်းမဝင်တာကြောင့် စီးပွားရေးလုပ်ဖို့ မဝံ့မရဲတဲ့ အခြေအနေတွေရှိနေကြောင်း ဒါကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ နိုင်ငံတကာက စီးပွားရေးသမားတွေ ပူးပေါင်းလုပ်ကိုင်တဲ့ Joint Venture လုပ်ငန်းတွေ အများအပြားလုပ်စေ လိုတယ်လို့ ဝန်ကြီး ဦးကျော်ဝင်း က တိုက်တွန်းခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့မှာရှိတဲ့ တံတားကြီး ကိုးစင်းမှာ ဖြတ်သန်းသွား လာတဲ့ယာဉ်တွေကို လာမယ့် ၂၀၁၇ ဧပြီလကစပြီး တံတားကြေးကောက်ယူမှာ မဟုတ်တော့ကြောင်း ဒါပေ မဲ့ ဖြတ်သန်းသွားလာတဲ ကားတွေဟာ သတ်မှတ်ထားတဲ့ တန်ပိုထက် ကုန်ပစ္စည်းတင်ရင် ကြီးလေးတဲ့ ဒဏ်ငွေ ရိုက်မှာဖြစ်တယ်လို့ ပြောပါတယ်။