နိပွန်ဖေါင်ဒေးရှင်းကလှူတဲ့ ကားတွေ ပျက်စီးနေ


2016.12.01
nyinyi-pm-620.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ ကို နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ဂျပန်နိပွန်ဖောင်ဒေးရှင်းကနေ မြန်မာအစိုးရကို လှူဒါန်းထားတဲ့ ကားအစီးရေ ၁၀၁ စီးမှာ ၆၁ စီးဟာ မသုံးဘဲ ပစ်ထားတဲ့အတွက် ပျက်စီးယိုယွင်းနေတယ်လို့ သွားရောက်ကြည့်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။

မနေ့က ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ရှိတဲ့ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံဝင်းထဲမှာ အသုံးမပြုဘဲထားရှိတဲ့ကားတွေ သွားရောက်ကြည့်ရှုခဲ့ ပြီး မြင်တွေ့ခဲ့ရတာကို လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အခုလို ပြောပါတယ်။

"အဲဒီမှာ အရမ်းအကြာကြီး ပစ်ထားတယ်ဆိုတော့ မီးခွက်မရှိတာတို့ ဘာတို့ လိုအပ်ချက်တွေကတော့ အများကြီး ရှိတယ်၊ တကယ်တော့ ရောက်ရောက်ပြီးချင်း အသုံးတည့်မယ့်နေရာတွေမှာ သုံးလိုက်နိုင်မယ်ဆိုရင်တော့ လူထု အတွက် အများကြီး အကျိုးရှိသွားမှာပေါ့"

အရင်အစိုးရလက်ထက်က ဂျပန်နီပွန်ဖောင်ဒေးရှင်းကနေ အဲဒီကားတွေကို လှူဒါန်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကို ဒီနှစ်ဧပြီလ ၈ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပါတယ်။  နား၊နှာခေါင်း၊ လည်ချောင်းဆေးရုံကို ကားတွေရောက် ရှိပြီးချိန်ကနေစပြီး ကျန်းမာရေးဝန်ကြီးဌာနက ကျန်တဲ့ကားတွေကို အသုံးပြုနေတာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ အဲဒီကားတွေနဲ့ပတ်သက်ပြီး ပြောနေကြတဲ့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က သွားရောက်ကြည့်ရှုတာလို့သိရပြီး အဲဒီကားတွေဟာ ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိတာလို့ ဆိုပါတယ်။ ဆေးရုံဝင်းထဲမှာ တွေ့ရတဲ့ကားတွေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေအရ မီးလုံးတွေ အတွင်းပိုင်းတွေ ပျက်စီးနေတဲ့ကားတွေကိုလည်း တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။