ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူရောက် မြန်မာတွေ နဲ့ တွေ့ဆုံမည်
2016.12.01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြား ချက်အရ စင်္ကာပူနိုင်ငံကို ဒီကနေ့ပဲ ချစ်ကြည်ရေးခရီးအနေနဲ့ရောက်ရှိနေပြီး မနက်ဖြန်မှာ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ Big box ဆိုတဲ့ခန်းမမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခွင့်ရထားတဲ့ စင်္ကာပူနိုင်ငံမှာ ၉ နှစ်ကျော်ကြာ အင်ဂျင်နီယာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုမင်းထောကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။