သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-03
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာကစစ်ဘေးဒုက္ခသည်တွေဟာ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းပေးဖို့၊ မီးလောင်သွားတဲ့နေအိမ်တွေ ပြန်ဆောက်ပေးဖို့နဲ့ ပျောက်ဆုံးနေတဲ့ရွာသား ၁၈ ယောက် ကိစ္စတွေကို ဖြေရှင်းပေးဖို့အပါအဝင် အချက် ၅ ချက်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို စာတင်ပြီး တောင်းဆိုလိုက်ပါတယ်။
2021-05-03
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာပြည်ကနေ ပညာသင်ဆုနဲ့ ရောက်ရှိနေကြသူ ဒါဇင်များစွာရှိတဲ့အနက် ညွန်ကြားရေးမှူးချုပ်အဆင့်နဲ့ တက္ကသိုလ်ပါမောက္ခအဆင့် အပါအဝင် ဝန်ထမ်းအများအပြား CDM မှာပါဝင်နေကြတယ်လို့ သိရပါတယ်။
2021-05-03
ပဲခူးတိုင်း ပြည်မြို့နယ် ကမ္ဘီလာကျေးရွာမှာ မေလ ၃ ရက် ဒီနေ့ညပိုင်းက ဗုံးတစ်လုံးပေါက်ကွဲတဲ့အတွက် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ CDM ရဲဝန်ထမ်း ၃ ဦးနဲ့ ခြံပိုင်ရှင် ရွာသားတစ်ဦး၊ စုစုပေါင်း ၅ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံက RFA ကို အတည်ပြုပြောပါတယ်။
2021-05-03
ဒီနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးဒေသ ခုခံကာကွယ်ရေးအဖွဲ့ KRDA တို့ ဆည်တောရွာအနီး မြောင်းချောင်းတံတားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-05-03
ကြည့်မြင်တိုင်ညဈေးမှာ လူငယ်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မေ ၃ ရက် ဒီနေ့ညနေပိုင်းက ဆန္ဒပြနေကြပါတယ်။
2021-05-03
ပညာရေးဝန်ထမ်းတွေအားလုံး မေလ ၃ ရက် ဒီနေ့မှာ ကျောင်းပြန်တက်ဖို့နဲ့ ကျောင်းပြန်မတက်ရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီး အရေးမယ်ဆိုတဲ့ ဖိအားပေးခြိမ်းခြောက် ခေါ်ယူနေမှုတွေရှိနေပါတယ်။ ပညာရေးဝန်ထမ်းတချို့ကတော့ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ CDM ဆက်လုပ်သွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားကြသူတွေရှိသလို တချို့ကလည်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် ဒီနေ့မှာ ကျောင်းပြန်တက်တာတွေရှိနေပါတယ်။
2021-05-03
နိုင်ငံအနှံ့ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်ရပ်တွေမှာ ၂၄ နာရီအတွင်း သေဆုံးတဲ့ အရပ်သား အနည်းဆုံး ငါးယောက်ရှိပြီး၊ ၁၁ ယောက် ဒဏ်ရာရသလို၊ အဖမ်းခံရသူ တစ်ဒါဇင်ကျော်ရှိခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့က သုံးယောက်၊ မကွေးတိုင်း ထီးလင်းမြို့နယ်က နှစ်ယောက် ဖြစ်ပါတယ်။
2021-05-03
စာနယ်ဇင်းသမားတစ်ယောက်ကို ရေငုံနှုတ်ပိတ်အောင်လုပ်လိုက်တာဟာ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တာကြောင့် စာနယ် ဇင်းသမားတွေရဲ့ အခွင့်အရေးကို လေးစားကာကွယ် ဖြည့်ဆည်းကြဖို့ ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂက တိုက်တွန်းနေချိန်မှာပဲ စစ်တပ်က အာဏာ သိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းမီဒီယာ ခြောက်ခုကို စစ်တပ်က ထုတ်ဝေခွင့်ပိတ်ထားသလို သတင်းသမား ၄၀ ကျော်ဟာလည်း ဖမ်းဆီးတရားစွဲဆိုခံနေကြရပါတယ်။
2021-05-03
ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲထုတ်ပြန်တာပါ။
2021-05-03
မေလ ၂ရက်နေ့ ညနေပိုင်းက ဘုတလင်မြို့နယ် ကင်းစမ်းရွာ၊ မဒိုင်ကျင်းရွာနဲ့ ရှမ်းတော ရွာတို့ စုပေါင်းပီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ ဖော်ထုတ်ခဲ့ပါတယ်။
2021-05-03
ရန်ကုန်မြို့၊ ကမာရွက်မြို့နယ် လှည်းတန်းအနီး YBS ကားပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ မေလ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-05-03
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဆီဟက်ကျေးရွာမှာ မေလ ၃ ရက်နေ့ ဒီကနေ့မနက် ၁၀ နာရီခွဲ အချိန်လောက်က စစ်ကောင်စီရဲ့ စစ်သုံးရဟတ်ယာဉ် တစ်စီးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချလိုက်ပါတယ်။
2021-05-03
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ထားဝယ် ပင်မသပိတ်စစ်ကြောင်းနဲ့ လူငယ်ရေးရာသပိတ်စစ်ကြောင်းတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး မနက်ပိုင်းသပိတ်ကို မေ ၃ ရက် ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2021-05-02
ဒီကနေ့ မေလ ၃ ရက်နေ့မှာ ပညာရေးဝန်ထမ်းတွေ အလုပ်ပြန်တက်ကြဖို့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ဖိအားပေးတာတွေ စည်းရုံးတာတွေ လုပ်နေတယ်လို့ ကျောင်းဆရာအချို့က RFA ကို အတည်ပြုပြောဆိုကြပါတယ်။ အလုပ်ပြန်မတက်ရင် ဖမ်းမယ်ဆိုပြီးလည်း နှုတ်နဲ့ခြိမ်းခြောက်တာတွေ ခံနေရတယ်လို့ ဆိုပါတယ်။
2021-05-02
ချင်းပြည်နယ် ဟားခါးမြို့တော်မှာ အဖမ်းခံထားရတဲ့ ဆန္ဒပြလူငယ် အယောက် ၅၀ ကျော်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပြီး တုံ့ပြန်တာမရှိခဲ့ဘူး ဆိုရင် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။