ပညာရေးဝန်ထမ်းတွေ ဖိအားတွေကြားမှာ CDM ဆက်လုပ်နေ

2021.05.02

ဒီကနေ့ မေလ ၃ ရက်နေ့မှာ ပညာရေးဝန်ထမ်းတွေ အလုပ်ပြန်တက်ကြဖို့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ဖိအားပေးတာတွေ စည်းရုံးတာတွေ လုပ်နေတယ်လို့ ကျောင်းဆရာအချို့က RFA ကို အတည်ပြုပြောဆိုကြပါတယ်။ အလုပ်ပြန်မတက်ရင် ဖမ်းမယ်ဆိုပြီးလည်း နှုတ်နဲ့ခြိမ်းခြောက်တာတွေ ခံနေရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတွေ အများအပြား ပါဝင်တာကို ဆန္ဒပြပွဲတွေမှာ တွေ့ခဲ့ရပေမယ့် အရေအတွက်ကိုတော့ အတိအကျ မသိရပါဘူး။

စစ်ကောင်စီရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် CDM လှုပ်ရှားမှုကို လက်လျှော့ပြီး အလုပ်ပြန်တက်မယ့် ပညာရေးဝန်ထမ်းတွေလည်း ရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

အဆင့်မြင့်ပညာရေးလောကရဲ့ ဆရာ၊ ဆရာမ ၈၀ ရာခိုင်နှုန်းကတော့ CDM လှုပ်ရှားမှုမှာ အခုထိ ပါဝင်နေတုန်းပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။