ကလေးမြို့ ဆည်တောရွာအနီး မြောင်းချောင်းတံတားမှာ တိုက်ပွဲဖြစ်ပွား
2021.05.03
ဒီနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးဒေသ ခုခံကာကွယ်ရေးအဖွဲ့ KRDA တို့ ဆည်တောရွာအနီး မြောင်းချောင်းတံတားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ညနေငါးနာရီခွဲအချိန်ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နှစ်ဘက်စလုံးရဲ့ ထိခိုက် ဒဏ်ရာရသူတွေကိုတော့ သီးခြားအတည်မပြုနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုတိုက်ပွဲဖြစ်ပွားရတာကတော့ ရဲနဲ့စစ်သားတွေက ကျေးရွာတွေကို စစ်ကားနှစ်စီး ရဲကားနှစ်စီးနဲ့လာပြီး အာဏာဖီဆန်ရေး CDM ပါဝင်သူတွေနဲ့ စလောင်းတပ်ဆင်ထားတွေကို ဖမ်းဆီးမှာ စိုးရိမ်တာကြောင့် လမ်းမှာတားဆီးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးဒေသခုခံကာကွယ်ရေးအဖွဲ့အစည်း (KRDA) Kalay Regin Defence Association ကို ဧပြီ ၂၀ရက်က ဖွဲ့စည်းထားတာဖြစ်ပါတယ်။